ရီးရဲလ် အတွက် အရေးပါတဲ့ အဖွင့်ဂိုး ကို လှလှပပ ကန်သွင်း အဆုံးသတ်ပြနိုင်ခဲ့ပေမယ့် အသင်းမှာ ဒိတ်ဒိတ်ကြဲ စီနီယာ တွေကြောင့် မိမိဟာ သာမည အဆင့်သာ ရှိကြောင်း ညှိုးငယ်စွာပဲ အန်းဒရစ်ခ် က ရင်ဖွင့်လာခဲ့ပါတယ် ။
“ဒီမှာဆိုရင် ဗင်နီစီးယပ်စ်၊ အမ်ဘာပေ၊ ဘယ်လင်ဟမ် နဲ့ ရိုဒရိုင်ဂိုတို့တွေ ရှိတယ်။ သူတို့လေးယောက် က ကမ္ဘာပေါ်မှာဆိုရင် အကောင်းဆုံးကစားသမားတွေဖြစ်ကြတယ်ဗျ။
သူတို့တွေကြားထဲမှာဆိုရင် ကျွန်တော်က ဘောင်မဝင်သေးဘူး။
ကျွန်တော် အဆင်သင့်ဖြစ်နေဖို့အတွက်ဆိုရင် အလုပ်ကြိုးစားရမယ်။ သင်ယူရမယ်။ ဒီအသင်း ရီးရဲလ် မှာ တစ်ဘဝစာလုံးနေရဖို့အတွက်ဆိုရင်တော့ ကြိုးစားမှကို ရမယ်..”လို့ အန်းဒရစ်က မီဒီယာ ကို ဖြေကြားခဲ့တာ ဖြစ်ပြီး ရီးရဲလ် မှာ ကစားခွင်် ပိုရဖို့ သူ့အနေနဲ့ များစွားကြိုးစားဖို့ လိုအပ်ကြောင်း ဖြေကြားထားပါတယ် ။
