နောက်တက်လာမယ့် မြန်မာပြည်မင်းနဲ့ ပတ်သက်ပြီး ၁၉၉၀ ခုနှစ်က သာမညဆရာတော်ကြီး ချီးမြှင့်ခဲ့တဲ့ မြန်မာ့အနာဂတ် တဘောင် အပြည့်အစုံ...
၁၉၉၀ ခုနှစ်က သာမညဆရာတော် ဘုရားကြီးချီးမြှင့်တော်မူခဲ့သော မြန်မာ့အနာဂတ်တဘောင်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ကိုးနဝင်းကျော် မိုးလင်းသော်ခါ ဒဿသက္ကရာဇ် ထောင်သုံးရာဖြစ် ရှစ်နဲ့ကိုးကြား သတိထား သုံးပါးကပ် ကြီးလာတော့မယ်။
ဇမ္မူဒီပ နိမိတ္တ မကောင်းသူခံ ကောင်းသူကျန် အမှန်ရှားပါးတော့မယ်။ ရှစ်နဲ့ကိုးကြား ကပ်သုံးပါး တပါး အသေဖိလိုက်မယ် ရောဂါကပ်ကြီးနှယ်။
ကိုးနဲ့တစ်ဆယ် မလွယ်သေးတယ် တပါးကပ်ကြီး ဖိလိုက်မယ် ပြင်းထန် ကပ်မီး လက်နက်ကြီး ဇမ္မူစ-စ်မီး
တောက်လိုက်မယ်။
ရှစ်ကိုးတစ်ဆယ် ပုံအလယ် ရောဂါကပ်မီး စ-စ်ကပ်မီး နှစ်ထပ်ဟီးလို့ စင်ရာဝယ် အငတ်ဘေးကြီး ဆိုက်တော့မယ်။
ကပ်သုံးပါစုံ အဖုံဖုံ ကုန်အောင်လိမ့်လို့ ကျရာဝယ် စိတ်ထောင်း ကိုယ်ကြေ ေ-သကြမယ် ဤဇမ္မူမြေဝယ်။
ရှစ်ကိုးတဆယ် ကုန်ခါနှယ် ဒဿ သက္ကရာဇ် ဆန်းသည့်နှစ်ဝယ် မြေမြတ် မဟာရှင်းပြီးခါမှ ပြည်တော်ဝင်လာ ဓါတ်ဝိဇ္ဇာကြွလာလိမ့်ဦးမည်။
ပြည်သိမ်းပြည်တောင်း နိမိတ်ကောင်းမှ စကြာ်မင်းလောင်း ပေါ်လိမ့်မည်။ ထိုမင်းနဲ့အတူ သံခမောက်ကူ လေးပါးစ-စ်သည်လာလိမ့်မည်။
ထောင့်လေးရာဖြစ် ကောဇာနှစ်ဝယ် စွန်းသည့်ဆယ်ခါ သုံးမှာတွင်ဝယ် နန်းပလ္လင်ထက်စကြာ်တက်မှ နန်းသိမ်းပွဲခံ ပြည်အမှန်ရတနာမိုးကြီး ရွာလိမ့်မည်။
ပြည်သူအများ ဆန်ရေစပါးနဲ့ ဥစ္စာရွှေငွေ အလွန်ထွေပြားပေါများလိမ့်ဦးမည်။ သာသနာရောင်ဝါ ထွန်းလင်းကာ ကပ်ရောဂါများ မိစ္ဆာများ ပါးရှားပါတော့မည်။
စကြာ်ရှိန်ဝါ ပြည်တခွင်မှာ နဲ့ ဇမ္မူထက် နှစ်ပေါင်းများရာ တည်လိမ့်မည်။ တထောင့်လေးရာ စွန်းကောဇာလာပြည့်ဝခါမှ တိုင်းပြည်တော်ကြီး အလွန်ဟီး အပြီးသာတော့မည်။
တက်သမျှမင်း တန်ခိုးထင်း မင်းကျင့် ဆယ်ပါးညီကြမည်။ မပြည့်ခင်တွင်း တက်သမျှမင်း အရာမထင်း၍ အဆိုးဆုံစု အကုန်ပြုခံရလိမ့်ဦးမည်။ ဤနိမိတ်စကား မမေ့အား မှတ်သား လူတို့သိစေသော်။
