3 w - Translate

ကိုယ့်ပိုက်ဆံနဲ့ကိုယ်
SKII သုံးမလား❓ဒါသုံးမလား❓ဆို
ဒါပဲသုံးပါမယ်
ft. Manyo Factory🌾
Galactomy Clearskin Toner &
Galac Niacin 2.0 Essence ~review~
အစစအရာရာဈေးတန်နေတဲ့ ကာလမျိုးမှာ ချွေတာလို့ရမယ့် skincare လေးတခုအကြောင်း Nyi ဒီနေ့ review လုပ်သွားပါမယ်။ ဘယ်လိုချွေတာလို့ရမလဲဆို ပုံမှန်ဆိုရင် Nyi တို့ မျက်နှာအဆီပြန်တာ ချွေးပေါက်ကျယ် အမဲစက် ဆားဝက်ခြံ အသားအရောင်မညီ ကြမ်းတမ်းမွဲခြောက် စတဲ့ skin concerns တွေအတွက် သက်ဆိုင်ရာ serum or skincare တခုစီ သုံးကြရတယ်မလား? Nyi ဒီနေ့ review လုပ်သွားမယ့် toner နဲ့ essence ကတော့ အဲ့အာနိသင်အကုန်လုံးကို all in one ပေးစွမ်းနိုင်ပါတယ်။
ဘာလို့ အဲ့လိုအစွမ်းထက်ရသလဲဆိုရင် သူ့မှာအဓိက ထည့်သုံးထားတဲ့ 'Galactomyces' ဆိုတဲ့ ပါဝင်ပစ္စည်းကြောင့်ပါ။ Galactomyces✨ က ဂျပန်ဆန်အရက်(sake) ထုတ်လုပ်ရာကနေ ထွက်ရှိလာတဲ့ yeast တမျိုးဖြစ်ပြီး အသားအရေအတွက် ကောင်းကျိုးတွေအများကြီးရှိတယ်။ သူ့ကို မူလစတင်တွေ့ရှိခဲ့တာကတော့ ခုကမ္ဘာနဲ့တဝှမ်း အရမ်းနာမည်ကြီးပြီး ဆုတွေလဲအများကြီးရထားတဲ့ SKII ကပါ။ SKII ရဲ့ skincare တွေမှာ ဒီပါဝင်ပစ္စည်းကိုထည့်သုံးပြီး နာမည်ရလာတာနဲ့အမျှ affordable dupes တွေအများကြီး ထွက်လာတယ်။
Manyo Factory ရဲ့ ဒီ skincare line ကလဲ အဲ့ထဲကတခုပေါ့နော်။ Dupe ဆိုပေမဲ့ ဒီ Manyo Galactomy toner နဲ့ essence မှာက SKII ရဲ့ signature 'Galactomyces'အပြင် နောက်ပိုင်းလူကြိုက်များလာတဲ့ niacinamide, hydroxy acids တချို့ပါ ထည့်သွင်းထားလို့ လျှော့တွက်လို့တော့ မရဘူး။ ရှင်းရှင်းပြောရရင် Nyi အနေနဲ့ SKII Pitera essence ကို မသုံးကြည့်ဖူးဘူး။ အဲ့ဒါဆို ဘာလို့ SKII နဲ့ဒါနဲ့ဆို ဒါကိုရွေးမယ်ပြောရလဲဆိုရင် Nyi ဒီ Manyo toner & essence ကိုသုံးနေတာ 1လ‌ကျော်ရှိပြီ။ သူ claim လုပ်ထားတဲ့ effect တွေ အကုန်ပေးနိုင်တယ်ပြောရမယ်။
ဆိုတော့ ပြောချင်တာက ဒီလိုကိုယ့်အတွက် အရမ်းအလုပ်ဖြစ်တဲ့ product မျိုးရှိနေမှတော့ သူ့ထက်ဈေး 5ဆမက ပိုပေးရတဲ့ skincare မျိုးမသုံးတော့ဘူးလေနော်။ 'ထမင်းကုန်အောင်စား, စကားကုန်အောင်မပြောနဲ့' တဲ့, လက်ဆောင်ရတာဘာညာဆိုရင်တော့ သုံးချင်သုံးမှာပေါ့, skincare reviewer ဖြစ်တဲ့အတွက် စမ်းဖူးတယ်ရှိအောင် နောက်ဝယ်ဖြစ်ချင်လဲ ဝယ်ဖြစ်မှာပေါ့။ ဒါပေမဲ့ ကိုယ့်မျက်နှာအတွက် ကိုယ့်အိတ်ကိုယ်စိုက်ပြီးကတော့ ဝယ်သုံးဖြစ်မှာ မဟုတ်ပါဘူး🤫, အထူးသဖြင့် ဒီလိုမျိုး affordable yet very effective skincare တွေ ရှိနေသရွေ့ပေါ့။
Galactomyces ရဲ့ skincare benefits တွေကတော့ ပြောမကုန်လောက်အောင်ပါပဲ။ Skin barrier ကို strengthen ဖြစ်စေတယ်, skin texture soft & smooth ဖြစ်အောင် လုပ်ပေးတယ်, skin tone မညီတာတွေ ညှိပေးပြီး hyperpigmentation တွေ သက်သာစေတယ်, ချွေးပေါက်တွေကိုလဲ ကျဉ်းသယောင် မျက်နှာအဆီပြန်တာကိုလဲ လျှော့သွားအောင် စွမ်းဆောင်ပေးနိုင်တယ်။ နောက်ပြီး သူက visible signs of aging တွေကိုလဲ လျှော့ချပေးပြီး skin ကို youthful looking ဖြစ်စေလို့ လူကြီးတွေကြားမှာလဲ အရမ်းနာမည်ကြီးတယ် ပြောလို့ရတယ်။
အဲ့ဒါဆိုရင် SKII ရဲ့ dupes တဖြစ်လဲ ဒီ Manyo Factory ရဲ့ Galactomy toner နဲ့ essence review လေးကို detail ကျကျ ကြည့်လိုက်ရအောင်... ထုံးစံအတိုင်း ပုံတွေရဲ့အောက်မှာ လိုက်ဖတ်ကြည့်နော်။ တမျိုးထဲနဲ့ effect တွေစုံနေအောင်ရမှာဆိုတော့ skincare ဖို့ အချိန်မ‌ပေးနိုင်တဲ့သူတွေ, budget ချွေတာချင်တဲ့သူတွေအတွက်တော့ တကယ်ကိုရွှေပါပဲ။ အကယ်၍ ကိုယ့်မျက်နှာအတွက် လိုအပ်လို့ ဝယ်ယူချင်တယ်ဆိုရင် Manyo Factory ရဲ့ Official Exclusive Distributor 🛒 KOCOS - Korea Cosmetics နဲ့ Manyo Factory Myanmar တို့မှာ ရပါတယ်နော်။

Disclaimer : This is a Collaboration between Review By Nyi & Manyo Factory Myanmar. All my opinions and thoughts in this post are written based on my user experience after using these products. Totally free of bias and not influenced by anyone.
#manyo #manyogalactomyclearskintoner
#manyogalacniacinessence #reviewbynyi
#nyipick #nyipicktoner #nyipickessence

image