3 ပတ် - ဘာသာပြန်ပါ။

ဟင်းလက်သုပ်
ကျန်းမာရေးနဲ့ကိုက်ညီတဲ့စားစရာ အစိမ့်သုပ်လေး
သခွတ်ပွင့်ခြောက်ကဆေးဖက်ဝင်ပါတယ်
ဝိတ်လျှော့လိုသူတွေဒါလေးတပွဲဆိုဝရောဘဲရယ်
Facebook မှာရှယ်ထားသူတွေရဲ့နည်း နဲ့ မိမိမယ်ရှိတဲ့
ပါဝင်ပစ္စည်းလေးတွေနဲ့သုပ်စားပါတယ်
ရခိုင်ရိုးရာစားစရာအစစ်နဲ့ကွဲလွဲမှု့ရှိပါတယ်
ကိုယ်ကတော့ ဒါလေးတွေနဲ့ ဒီလိုလေးသုပ်စားဖြစ်ခဲ့တယ်
၁) သဲတွေအမှုန်တွေမပါရအောင် ရေဆေးအချိန်ကြာကြာရေစိမ်ပြီးမှ ရေနွေးဖျောပြုတ်ထားတဲ့ သခွတ်ပွင့်ခြောက်
(လက်ဆုပ်တဝက်သာ)
၂) ရေစိမ်ပြီးရေနွေးဖျောပြုတ်ထားတဲ့ပဲကြာဇံပြုတ် (အနည်းငယ်)
၃) ရေစိမ်ပြီးရေနွေးဖျောပြုတ်ထားတဲ့ပဲသီးပြုတ်စိမ်းစိမ်း (ပဲရှည်သီး ၃တောင့်)
၄) ကြက်သွန်နီအသေး၁လုံး မထူမပါးရိတ်ရိတ်လှီး
၅) ကြက်သွန်နီကြော်နဲ့ဆီချက်ဝါ
၆) ငပိကြေကြေဆီကြော်မွှေး
၇) နှမ်းလှော် ဆား အရသာမှုန့်သင့်ရုံစီ
ဒီလိုသုပ်
ပါဝင်ပစ္စည်း ၁,၂ နှင့် ၃ တို့ကို အနေတော် ကိုက်ပြီး
ကျန်ပါဝင်ပစ္စည်းများအားလုံးနှင့်ရောသမမွှေ သုပ်စားလိုက်ရုံသာပါ..

#credit My Little Kitchen Diary

image