မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၁၂)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်
