3 ပတ် - ဘာသာပြန်ပါ။

အာတေတာ “နွမ်နရီ နဲ့ လူးဝစ်စ်ကယ်လီတို့က တကယ့်ကို မျှော်လင့်ချက်ကြီးကြီးထားရလောက်အောင် ကို စွမ်ဆောင်ပြနေတာ။ ဒီကောင်လေးတွေကို အငှားမချဖူးသလို ချန်ပီယံရှစ်အတွေ့ကြုံလည်းမရှိဘူး။
တကယ့်ကိုပဲ အာဆင်နယ်အကယ်ဒမီကနေပြီးတော့ အသင်းကြီးဆီကို တင်ပို့လိုက်တဲ့ အကယ်ဒမီ ထုတ်ကုန်လေးတွေ၊ ဒါက သိပ်မိုက်တဲ့ပြိုင်ဆိုင်မှုပဲ။ တကယ်မျှော်လင့်ချင်စရာကြီးပါ။"
တွေးကြည့်လိုက်ရင် နွမ်နရီ နဲ့ လူးဝစ်စ်ကယ်လီတို့ရဲ့ ခြေစွမ်းက ကောင်းကိုကောင်းတာပါ။ ဒီနှစ်ဦးရဲ့ အသက်အရွယ်က ပုံမှန်လိုဆိုရင် ချန်ပီယံရှစ်မှာသွားကစားနေရမယ့်အချိန်၊ ဒီလိုမဟုတ်လည်း အသင်းကြီးမှာ ခြေသွေးနေရမယ့်အချိန်ပါ။
အခုတော့ ဒီလူငယ်လေးနှစ်ဦးက အဓိကကစားသမားနှစ်ဦးအဖြစ်နဲ့ အသုံးတော်ခံနေတယ်။ အာကြီးရဲ့ အကယ်ဒမီကတော့ တကယ်ကြီးလန်းလွန်းတယ်။ အာတေတာပြောသလိုပဲ မျှော်လင့်ချင်စရာ သိပ်ကို ကောင်းလွန်းတယ်။

image