လာလီဂါရွှေဖိနပ်ဆု ဘယ်သူရသွားမလဲ
ဒီတစ်ပတ်ကစားခဲ့တဲ့ လာလီဂါပွဲစဥ်တွေမှာ ရီးရဲလ်မက်ဒရစ်က လီဂါနက်စ်ကို 3-2 နဲ့နိုင်တယ်။ ဘာစီလိုနာကလည်း ဂျီရိုနာကို 4-1 နဲ့နိုင်တယ်။ ဒါကြောင့်မလို့လည်း လာလီဂါရဲ့ချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုက အခုအချိန်အထိ အကြိတ်အတယ်ရှိနေတုန်းပဲ။ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို 3 မှတ်ဖြတ်ထားတယ်ဆိုပေမယ့် ဘယ်သူကချန်ပီယံဖြစ်မလဲဆိုတာကတော့ အခုအချိန်ထိတပ်အပ်မပြောနိုင်သေးဘူး။
လာလီဂါရွှေဖိနပ်ဆုကလည်း ချန်ပီယံဆုနည်းတူ ပြိုင်ဆိုင်မှုပြင်းထန်နေတယ်။ လီဂါနက်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ အမ်ဘာပေက ရီးရဲလ်အတွက် 2 ဂိုးသွင်းပြီး ဒီရာသီလာလီဂါမှာ 22 ဂိုးရထားတယ်၊ နောက်ရက်လည်းကျရော လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် 2 ဂိုးသွင်းပြသွားပြီး လာလီဂါသွင်းဂိုး 25 ဂိုးပြည့်သွားပြန်တယ်။ 2 ယောက်လုံးကလည်း ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်နေကြတဲ့အနေအထားမှာ 3 ဂိုးပဲကွာတာမလို့ လာလီဂါရွှေဖိနပ်ဆုကို ဘယ်သူရသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါပြီ။
