မြန်မာငလျင်ကို ကူညီရန် အသင့်ပြင်ထားသည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြန်ရုပ်သိမ်း
ရန်ကုန်၊ ဧပြီ ၁
ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံကို လာရောက်ဖို့ အသင့်အနေအထားရှိနေတဲ့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ခရီးစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ နစကနဲ့ လက်နက်ကိုင်တွေအကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေမှုကို သုံးသပ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီး လျိုရှုဖန်က မတ်လ ၃၁ ရက်နေ့မှာ ပြောပါတယ်။
သတင်း - BETV Business
