3 w - Translate

#မြေငလျင်သတင်းအချက်အလက်
◼ငလျင်ကြောင့်သေဆုံးသူ ၁၇၀၀ ကျော်နှင့်ဒဏ်ရာရသူ ၃၄၀၀ ကျော်ရှိလာ
အင်အားပြင်ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၁၇၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃၄၀၀ ကျော်အထိ ရှိလာကြောင်း နစကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (မတ် ၃၀ ရက်) ည ၈ နာရီ သတင်းတွင်ထုတ်ဖော်ပြောဆိုသည်။
ထို့ပြင် ငလျင်ကြောင့်ပျောက်ဆုံးနေသူစာရင်းမှာလည်း ၃၀၀ ဦးကျော်အထိရှိလာပြီဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒဏ်ရာရရှိသူများကိုလည်း ကုသပေးနေပါတယ်။ ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေနေ ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
လက်ရှိတွင် ပြိုကျနေသည့်တိုက်များအတွင်း ပိတ်မိနေသူများလည်းရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်းနှင့် သေဆုံးသူဦးရေမှာပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသူများကပြောဆိုသည်။
ငလျင်ဒဏ်အဆိုးရွားဆုံထိခိုက်ခဲ့သည့်မြို့များထဲတွင် စစ်ကိုင်းမြို့လည်းပါဝင်ပြီး ယနေ့(မတ် ၃၁ ရက်) နံနက်ပိုင်းအထိ စစ်ကိုင်းမြို့ရှိကူညီကယ်ဆယ်ရေးအဖွဲ့များ၏မြေပြင်အချက်အလက်များအရ သေဆုံးသူ ၆၀၀ ဝန်းကျင်ခန့်ရှိပြီး ပျက်စီးဆုံးရှုံးသည့်အိမ်ခြေမှာ ၁၆၀၀ ကျော်ရှိကြောင်း မန္တလေးမြို့အခြေ စိုက် သတင်းမီဒီယာများကရေးသားထားသည်။
ထို့ပြင် အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန(USGS) ကလည်း ယခုမတ်လ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်က မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်ငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀၀၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - Myanmar Fire Services Department

image