#မြေငလျင်သတင်းအချက်အလက်
◼ စာရင်းစစ်ချုပ်ရုံးပြိုကျမှုအတွင်းပိတ်မိနေသူများကိုကယ်ဆယ်ပေးရန် ထိုင်းဝန်ကြီးချုပ်အားမြန်မာအလုပ်သမားတစ်ဦးဒူးထောက်တောင်းပန်
မတ်၂၈ရက်တွင်လှုပ်ခတ်ခဲ့သောအင်အားပြင်းငလျင်ကြောင့်ဆောက်လုပ်ဆဲနိုင်ငံတော်စာရင်းစစ်ရုံးပြို ကျခဲ့မှုအတွင်းပိတ်မိနေသူများ၊ အထူးသဖြင့် မြန်မာအလုပ် သမားများကို ရှာ ဖွေရာ တွင် အကူအညီ ပေးရန်ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်အားမြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဒူးထောက် တောင်း ပန်ခဲ့ ကြောင်းထိုင်းသတင်းဌာန Khaosod ကဖော်ပြသည်။
ယနေ့(မတ်၃၁ရက်)မွန်းတည့်ချိန်ခန့်တွင်အဆိုပါ၃၃ထပ်ရှိအဆောက်အအုံပြိုကျရာသို့ဝန်ကြီးချုပ်ပေထုန်တန်သွားရောက်ကြည့်ရှုစဉ်တွင် မြန်မာအလုပ်သမားတစ် ဦးက၎င်းထံ ချဉ်းကပ်ကာ ငို ကြွေး တောင်း ပန်ခဲ့ခြင်းဖြစ်သည်။
ယင်းအပေါ်အားလုံးကို အစွမ်းကုန် ကူညီပေးနေကြောင်း၊ မည်သူမည်ဝါ၊မည်သည့်နိုင်ငံသားအတွက်မဆို ကယ် ဆယ်ရေး လုပ်ငန်းများအား အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ်က ပြော ကြားခဲ့သည်။
ထို့နောက်အဆိုပါမြန်မာလုပ်သားအားဝန်ကြီးချုပ်ပေထုန်တန်က မတ်တပ်ရပ်စေခဲ့ပြီး ပခုံးများကို ဆုပ် ကိုင်ကာ ကြံ့ကြံ့ခံခံ၍အချင်းချင်း အားတင်းထားကြရန်နှစ်သိမ့်အားပေးခဲ့သည်။
ဘန်ကောက်မြို့၊ချာတူချက်ခရိုင် ရှိ ပြိုကျနေသော စာရင်းစစ်ချုပ်ရုံးအဆောက် အအုံရှိရာသို့ ဝန်ကြီးချုပ် ပေထုန်တန်ကသွားရောက်ပြီး အပျက်အစီးများအ တွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ စောင့်ကြည့်စစ်ဆေးခဲ့သည်။
ထို့နောက်အလုပ်သမားများ၊ ရဲများ၊ စစ်တပ်၊ ဖောင်ဒေးရှင်းဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို အား ပေးခဲ့ပြီးအမေရိကန်နှင့်အစ္စရေးတို့မှကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့များနှင့်လည်း၎င်းကဆွေးနွေးပြောဆိုခဲ့သည်။
အဆိုပါအဆောက်အအုံပြိုကျမှုအတွင်းယမန်နေ့ သန်းခေါင်ယံမတိုင်မီအထိ အမျိုးသား ရှစ် ဦးနှင့် အ မျိုး သမီး သုံး ဦးစုစုပေါင်း ၁၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကြောင်းအတည်ပြုထားနိုင်ပြီးပျောက်ဆုံးသူ ၇၆ ဦးကို ဆက် လက် ခြေရာခံရှာဖွေနေဆဲဖြစ်သည်။
ပျောက်ဆုံးနေသူများတွင်မြန်မာအလုပ်သမားအများအပြားလည်းပါဝင်နိုင်ကြောင်းယူဆရသည်။
သတင်း-လင်းခတ်
ကိုးကား-Khaosod
