3 ပတ် - ဘာသာပြန်ပါ။

အင်အားပြင်း ငလျင်ဒဏ်ကြောင့်ပဲခူးတိုင်းဒေသကြီး၌ ထိခိုက်ဆုံးရှုးမှုများခဲ့

(ပြည်တွင်း) မတ် ၃၁
မတ်လ (၂၈) ရက်နေ့မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံ၏နေရာဒေသအသီးသီးတွင် ထိခိုက်ဆုံးရှုံးပျက်ဆီးမှု များပြားခဲ့ကြောင်းသိရသည်။ဆိုပါငလျင်ဒဏ်သင့်ခံခဲ့ရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၂) မြို့နယ်၌ ဘာသာရေးအဆောက်အအုံ (၈၁)ခု ၊ ဌာနဆိုင်ရာအဆောက်အအုံနှင့် လမ်း/တံတား (၁၆၁)ခု ၊ လူနေအိမ် (၁၄၈)လုံး ၊ သေဆုံးခဲ့သူ (၃၇)ဦး ၊ထိခိုက်ဒဏ်ရာရရှိသူ (၁၆၉)ဦးတို့ဖြစ်ကြောင်း မတ်လ(၂၉)ရက်နေ့ နံနက် (၁၀) အချိန်နောက်ဆုံးရရှိခဲ့သောစာရင်းများအရ သိရပြီး အဆိုပါစာရင်းအရေအတွက်သည် ထပ်မံ၍ တိုးလာဖွယ်ရှိပြီး ထိခိုက် ပျက်ဆီးဆုံးခဲ့ရသော နယ်မြေများသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကြည်သိုက်နှင့်တပ်မတေယ်သားများ ၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်နှင့်တပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမူပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တပြေးညီ လိုက်လံ၍ ကူညီ ကယ်ဆယ်ဆောင်ရွက်လျှက်ရှိသည်။

image