3 ပတ် - ဘာသာပြန်ပါ။

#မေတ္တာပို့ ဆုတောင်း
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာကျန်းမာကြပါစေ။
မိဘသားရင်း ဆွေမျိုးရင်း ဘေးကင်းကြပါစေ။
ရပ်သူ ရွာသား မိတ်ဆွေများ စီးပွားတိုးပါစေ။
ယောက်ျား မိန်းမ ဟူသမျှ ဒုက္ခကင်းပါစေ။
ရဟန်း ရှင် လူ တိုင်းပြည်သူ အပူကင်းပါစေ။
သိကြား ဗြဟ္မာ နတ်ဒေဝါ ချမ်းသာကြပါစေ။
လူကိုစောင့်ကြပ် အနတ်နတ် ဥပါဒ်ကင်းပါစေ။
စိုးရိမ်ကြောင့်ကြ ဗျာပါဒ နေ့ ည ကင်းပါစေ။
မျက်နှာရွှင်လန်း ပွင့်စ ပန်း ဘုန်းကံကြီးပါစေ။
စည်းစိမ်မပျက် ဂုဏ်ရှိန်တက် အသက်ရှည်ပါစေ။
ကြောက်ထိတ်လန့်ဖွယ် အန္တရာယ် ပျောက်ပျက်လွယ်ပါစေ။
ထိမယ့်ခလုတ် ငြောင့်သစ်ငုတ်ရှောင်ဆုတ် လွတ်ပါစေ။
ကိုယ်နှင့်နီး ဝေး လာမည့်ဘေးရှောင်ပြေး လွတ်ပါစေ။
ကြံစည်သလောက် ခရီးပေါက် ပြီးမြောက်ကြပါစေ။
ကပ်ကြီးသုံးပါး ဘေးဆိုးများ ရှောင်ရှားလွတ်ပါစေ။
တစ်ဦးတစ်ဦး မေတ္တာကူး အထူးချစ်ပါစေ။
ငြူစူ၀န်တို ရန်မလို ကြည်ညိုနိုင်ပါစေ။
တစ်ယောက်တစ်ယောက် ပြစ်မကောက်
စောင့်ရှောက်ကြပါစေ။
ဆွေရင်းမျိုးရင်း ရပ်သားခြင်း ရင်းနှီးကြပါစေ။
နှလုံးစိတ်တူ ရန်မမူ ကြည်ဖြူကြပါစေ။
ရန်တုံ့မပြန် လောကဓံ သည်းခံနိုင်ပါစေ။
မြန်မာပြည်ကြီး ဒုက္ခမီး အပြီးအေးပါစေ။
စပါးဆန်ရေ အထွေထွေ ရွှေ ငွေ ပေါပါစေ။
မရှိစကား လူတို့နား မကြားရပါစေ။
တိုင်းပြည် မြို့ ရွာ ငြိမ်းချမ်းသာ ပမာရေသို့ အေးပါစေ။
အမျိုး ဘာသာ သာသနာ ရောင်ဝါနေသို့ ထွန်းပါစေ။
အများလူပေါင်း ချမ်းသာကြောင်း
ဆုတောင်း မေတ္တာချွေ။
သုံးဆယ့်တစ်ဘုံ အလုံးစုံ အကုန်ချမ်းသာကြပါစေ။

image