3 ပတ် - ဘာသာပြန်ပါ။

အခုချိန်မရမ်းသီး‌တွေအရမ်းပေါနေပြီဆိုတော့ မရမ်းသီးထောင်းနည်းလေးတင်ပေးလိုက်တယ်နော်
ပါဝင်ပစ္စည်းတွေကတော့
မရမ်းသီး
ငရုတ်သီးစိမ်းတောင့်
ကြက်သွန်ဖြူ
စိမှးစားငပိ
ပုဇွန်ခြောက်
ငရုတ်သီးအကျက်မှုန့်
အချိုမှုန့်အနည်းငယ်(ကြိုက်မှထည့်ပါ)
-အရင်ဆုံး စိမ်းစားငပိကိုမီးဖုတ်ထားပါ
-ငရုပ်သီးစိမ်းတောင့်နဲ့ကြက်သွန်ဖြူကိုလှော်ထားပါ
-မရမ်းသီးရင့်ပါက နှစ်ခြမ်းခွဲပြီးအစေ့ထုတ်ထားပါ (မရမ်းကင်းဆိုအ‌စေ့ထုတ်ရန်မလို)
-လှော်ထားတဲ့ငရုပ်သီးနဲ့ကြက်သွန်ဖြူကိုအရင်ထောင်းပါ
-ပြီးလျှင်မရမ်းသီးထည့်ထောင်းပါ
-အကုန်ကြေညှက်သွားပါက ဖုတ်ထားတဲ့ငပိလေးနဲ့ ကျန်တဲ့ပစ္စည်းတွေအကုန်ထည့်ပြီးထောင်းလိုက်ပါ
ဒါဆိုရင်တော့အရမ်းအရသာရှိတဲ့ မရမ်းသီးငပိထောင်းလေးရပါပြီ

image