3 ပတ် - ဘာသာပြန်ပါ။

TECNO Myanmar မှ ငလျင်ဘေးသင့်ဒေသများသို့ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ အရေးပေါ်ပစ္စည်းများ လှူဒါန်း
ငလျင်ဘေးဒဏ်ခံစားနေရသော ဒေသများအတွက် အရေးကြီးဆုံးလိုအပ်သော ပစ္စည်းများကို ကျပ်သိန်း ၅၀၀ တန်ဖိုးဝယ်ယူကာ TECNO အဖွဲ့သားများမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအလှူငွေများဖြင့် ငလျင်ဘေးသင့်ဒေသများအတွက် အရေးပေါ်လိုအပ်သော စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အခြားလိုအပ်သောပစ္စည်းများကို ဝယ်ယူကာ လှူဒါန်းသွားမည်ဖြစ်သည်။
TECNO အဖွဲ့သားများသည် လက်လှမ်းမီသလောက် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းသွားမည်ဖြစ်ပြီး စတင်သွားရောက်လှူဒါန်းမည့်နေရာများကို အချိန်နှင့်တပြေးညီကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

image