3 w - Translate

Part.1
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟
(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
စီးပွားရေး နှင့်ငွေကြေးအခြေအနေ
အသင့်အတင့်ရှိပြီးဝင်ငွေနဲ့ထွက်ငွေညီမျှနေပါလိမ့်မည်။ပညာရေးတွင်လမ်းပျောက်နေတတ်သော်လည်းအတွေအမြင်အသစ်များရရှိနိုင်ပြီးမိမိနှင့်သင့်တော်သောလမ်းကြောင်းသစ်ပေါ်လာပါလိမ့်မည်။ကျန်းမာရေး အနေဖြင့်ကိုယ်လက်ကိုက်ခဲနာကျဥ်ခြင်းအရိုးအဆစ်များကိုက်ခဲခြင်းကိုသတိပြုသင့်ပါတယ်။အချစ်ရေးနှင့်ပါတ်သက်၍စိတ်အလိုမကျဖြစ်တတ်ပြီးအချင်းချင်းပြိုင်ဆိုင်တင်းမာမှုများဖြစ်တတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦးနှောက်ကိုမျှတစွာတွေးခေါ်သင့်ပါတယ်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးတွင်မိမိ၏ဝင်ငွေထွက်ငွေကိုထိန်းညှိစီမံနိုင်ပါကပို၍အဆင်ပြေပါလိမ့်မည်။
ပညာရေးတွင်ကံဇာတာကောင်းမွန်ပြီးတီထွင်ဆန်းသစ်မှုများပြုလုပ်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအောက်ပိုင်းဆိုင်ရာဝေဒနာများသတိထားဖို့လိုပါတယ်။အချစ်ရေးတွင်ကံအသင့်အတင့်ရှိပြီးမိမိမာနကြောင့်နာလည်မှုလွဲနိုင်ခြင်းကိုသတိပြုရပါမည်။
 
(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
စီးပွားရေးအနေဖြင့်စီးပွားရေးနှင့်ငွေကြေးအခက်အခဲများစတင်ပြေလည်လာပါလိမ်မည်။ပညာရေးကံအထူးကောင်းမွန်သောကာလဖြစ်သဖြင့်ပညာသစ်များဆည်းပူးသင့်သောကာလဖြစ်သည်။ကျန်းမာရေး တွင်ခါးအထက်ပိုင်းနှင့်မိက်စိအမြင်ဆိုင်ရာကိိုပိုသတိထားသင့်ပါသညိ။
အချစ်ရေးတွင်တစ်ဖက်၏လွှမ်းမိုးမှုကိုခံရတတ်သောကြောင့်သူဘက်ကိုယ့်ဘက်အပြောအဆိုဆင်ခြင်သင့်ပါသည်။

(၄)ဂဏန်းသမားများ  (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ

စီးပွားရေး နှင့်ငွေကြေးပိုင်းတွင်ကြပ်တည်းနေနိုင်သော်လည်းကာလတိုသာဖြစ်၍ပြေလည်လာပါလိမ့်မယ်။ပညာရေးပိုင်းတွင်အသင့်အတင့်ရှိပြီးစိတ်အာရုံစူးစိုက်မှုအားနဲနေတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်စိတ်နှင့်ဦးခေါင်းပိုင်းဆိုင်ရာများကိုအထူးသတိထားရပါမယ်။ သွေးအားနဲခြင်းကိုလဲသတိထားရန်လိုအပ်ပါတယ်။အချစ် ရေးကံအနေနဲ့အနှောက်အယှက်များပြီးစိတ်ခံစားလွယ်နေတတ်ပါတယ်။အချင်းချင်း ပြောဆိုဆက်ဆံရာတွင်သတိထား၍ပြောဆိုရန်လိုပါလိမ့်မယ်။


(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ

  စီးပွားရေး နှင့်ငွေကြေးအသင့်အတင်ရှိပြီးပုံမှန်ဝင်ငွေများရရှိပါလိမ့်မည်။ပညာရေးတွင်မိမိလျှောက်သောလမ်းနှင့်မိမိဝါသနာကိုက်ညီမှုမရှိဖြစ်တတ်ပါသည်။ကျန်းမာရေး ကောင်းမွန်ပြီးစိတ်ခံစားခိက်နှင့်အာရုံကြောပိုင်းဆိုင်ရာကိုသတိပြုသင့်ပါသည်။အချစ်ရေးကံအသင့်အတင့်ရှိပြီးကာလတိုပျော်ရွှင်မှုမျိုးခံစားရပါလိမ့်မည်။စိတ်အတက်အကျများသောကြောင့်မိမိဆုံးဖြတ်ချက်များကိုသတိပြုရန်လိုအပ်ပါသည်။
 
#tarotqueen