3 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼လျှပ်စစ်မီးပျက်မှုကြောင့် အငှားယာဥ်များ ဂတ်စ်ဖြည့်တင်းရန် အချိန်ကြာမြင့်စွာတန်းစီရ
လျှပ်စစ်မီးပျက်မှုကြောင့် ဂတ်စ်ဖြင့်ပြေးဆွဲနေသောအငှားယာဥ်များ ဂတ်စ်ဆိုင်များတွင်အချိန်ကြာမြင့်စွာတန်းစီရသည့်အပြင် ဂတ်စ်ပေါင်မပြည့်မှုများပါဖြစ်နေကြောင်း ယာဉ်မောင်းများထံမှသိရသည်။
"မီးကမလာတော့ မီးစက်ရှိတဲ့ဆိုင်တွမှာပဲ ကားတွေအများကြီးဖြစ်နေတယ်။ ပြီးတော့ ဒီမှာက ဂတ်စ် ဆိုင်တွေသာများပေမယ့် မီးစက်ရှိတဲ့ဆိုင်တွေက ၁၀ ဆိုင်လောက်ပဲရှိတာဆိုတော့ အဲဒီမှာပဲ ကားတွေက များနေကြတာပါ။ ပြီးတော့နောက်တစ်ခုက မီးစက်နဲ့များများဖြည့်နေရတာ
ကြာလာတော့ ဂတ်စ်ဖြည့်တင်တာ ပရက်ရှာတွေကမမှန်တော့ဘူး။ ဥပမာပြောရရင်အရင်ကဂတ်စ် ၇၀ အိုးတစ်အိုးကို အောင်မဂ်လာအဝေးပြေးကနေ ဆူးလေကို အသွားအပြန် နှစ်ခေါက်လောက်သွားလို့ရရင် အခုပရက်ရှာကမမှန်တော့ တစ်ခေါက်ပဲမောင်းရသေးတယ်။ ဆီအချက်ပြကနှစ်တုံး
လောက်ကျသွားတယ်။ ရှိတဲ့ဂတ်စ်ထပ်တန်းစီနေရပါတယ်" ဟုတက္ကဆီယာဉ်မောင်းတစ်ဦးကပြောသည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဂတ်စ်ဆိုင်များတွင် ခရီးသည်တင်ကားများလည်း တန်စီနေရသည့်အတွက် ကားများအထွက်နည်းပြီး ကားမှတ်တိုင်များတွင် ခရီးသည်များ များပြားနေကြောင်းသိရသည်။
"ကားတွေထွက်နိုင်ဖို့အတွက် ဂတ်စ်ကလည်းမဖြစ်မနေသွားထည့်ရမှာပါ။ ဒါကြောင့်လမ်းပေါ်မှာရှိတဲ့ခရီးသည်တွေလည်းအဆင်ပြေအောင် ကားတွေလည်းဂတ်စ်တန်း စီလိုရအောင်ဆိုပြီး ၉နာရီနောက်ပိုင်းကို အသုတ် ၂ သုတ်ခွဲလိုက်တယ်။ ပထမအသုတ်ဂတ်စ်ဆိုင်သွားတန်းစီ ဒုတိယ အသုတ်ကလိုင်းဆွဲ။ ပထမသုတ်ပြန်ရောက်ရင် ဒုတိယသုတ်သွားတန်းစီစနစ် လုပ်ထားပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာတော့ဆွဲတဲ့ကားစီရေ နည်းသွားတော့ အရင် ၅ မိနစ်တစ်စီးဆိုရင်အခု ၈ မိနစ်ကိုတစ်စီးနဲ့လွတ်ပေးနေရပါတယ်" ဟုယာဥ်လိုင်းဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယမန်နေ့(မတ် ၂၈ ရက်)မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ကအသိပေး ထုတ်ပြန်ထားသည်။
သတင်း၊ဓာတ်ပုံ - ပိုင်လေး

image