အဆိုတော်ရဲနောင်၏ အမျိုးသမီးဖြစ်သူရဲ့ မိသားစုဝင်များ Sky Villa Condo ပြိုကျမှုတွင်ပါဝင်ခဲ့ပြီး ယခုချိန်ထိ ရှာဖွေမတွေ့ရှိသေး 🥹🥹🥹
အဆိုတော်ရဲနောင်၏ အမျိုးသမီးဖြစ်သူ နှင်းဆီလင်းဝင်းရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ မိခင်၊ အမတို့ဇနီးမောင်နှံနှင့် တူမငယ်လေးတို့ ဟာ Sky Villa Condo ပြိုကျမှုတွင် ပါဝင်ခဲ့ကြတာပါ။ ယနေ့အချိန်ထိ ပြန်လည်ရှာဖွေမတွေ့ရှိသေးသောကြောင့် သမီးဖြစ်တဲ့ နှင်းဆီလင်းဝင်း စိတ်ပူပန်မှုတွေနဲ့ ဖြစ်နေဆဲပါ။ Sky Villa Condo ရဲ့ပြိုကျပျက်စီးမှုတွေကြားထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း တစ်ညလုံးကြိုးစားပန်းစား လုပ်ကိုင်နေကြတာပါ။
