"လူတွေကကျွန်တော့်ကို ရီးရဲလ်ကနေ ဘာလို့ထွက်ခဲ့တာလဲလို့မေးကြပါတယ်။ 2018 ခုနှစ်မှာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရတုန်းကဆိုရင် ကျွန်တော့်စိတ်ထဲပျော်မနေခဲ့ပါဘူး။ ချန်ပီယံလိဂ်ဖလားရတာကိုက ကျွန်တော့်အတွက် ပုံမှန်လိုဖြစ်နေတာပါ၊ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ နောက်ထပ်ချန်ပီယံလိဂ်ဖလားတစ်လုံးကိုလည်း ငါကထပ်ရဦးမှာပဲဆိုတဲ့အတွေးကရှိနေခဲ့ပါတယ်။ အဲ့နှစ်ရဲ့နွေရာသီမှာလည်း ကျွန်တော်ကပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုရခဲ့ပါသေးတယ်။
ဒါကြောင့်မလို့လည်း ငါတော့စိန်ခေါ်မှုသစ်ရှာဖို့လိုနေပြီဆိုပြီး တွေးခဲ့မိတယ်။ မန်ယူအသင်းကိုလည်းပြောင်းလာရော ကာရာဘောင်နဲ့ FA ဖလားရတာကိုတောင်မှ ချန်ပီယံလိဂ်ဖလားရတာထက်တောင် ပိုပြီးအောင်ပွဲခံဖြစ်ခဲ့တာက တော်တော်လေးကိုထူးဆန်းပါတယ်။ မန်ယူအသင်းမှာကစားတုန်းကဆိုရင် ကျွန်တော့်ကဘောလုံးကစားတဲ့အခါမှာ တော်တော်လေးကိုကြိုးစားအားထုတ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မလို့လည်း မန်ယူကိုပြောင်းခဲ့တဲ့အပေါ် နောင်တမရပါဘူး၊ ဒါကကျွန်တော့်အတွက်အတွေ့အကြုံကောင်းတစ်ခုပါပဲ"
ဗာရန်း 🗣️
