3 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရည်ညွန်းဈေးထက် ကျော်လွန်ရောင်းဝယ်ခဲ့သည့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များ အရေးယူခံရ
သတ်မှတ်ထားသည့် စံချိန်မီရည်ညွှန်းဈေးထက် ကျော်လွန်ကာ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရွှေလုပ်ငန်းလုပ်ကိုင်ရောင်းဝယ်ကြသည့်လုပ်ငန်းရှင် ခုနစ်ဦးမှာ သက်ဆိုင်ရာက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့် တရားစွဲဖမ်းဆီးအရေးယူခံရကြောင်း သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အမိန့်ကြေညာစာထုတ်ပြန်ထားပြီး လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ နှင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ် ရွှေရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး (Market Rate)ဖြင့် နေ့စဉ် ထုတ်ပြန်ခဲ့သော ဈေးနှုန်းအတိုင်းရောင်းဝယ်ခြင်းမရှိသူများအား အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်းသိရသည်။
သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဈေးနှုန်း ကျပ် ၅၆၁ဝဝဝဝ ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထားကြောင်း သိရသည်။

image