ဒီမြို့လေးမှာ
ကျွန်တော့်အိမ်လေးမရှိတော့ဘူး
ကျွန်တော့် သူငယ်ချင်းတချို့မရှိတော့ဘူး။
ငယ်ဘဝက
တစ်ချို့အရာတွေလည်း မရှိတော့ဘူး။
ဒါပေမယ့် ဒီမြို့လေးက
ကျွန်တော့်ရဲ့ အိမ်ပါပဲ။
တစ်ခါက အဖေ ကျွန်တော့်ကို ပြောဖူးတယ်။
ဇာတိမြို့ဆိုတာ ဘာတွေ
ဘယ်လိုပဲ ပြောင်းလဲလဲ၊
ကိုယ်ကဇာတိမြို့လေးဆီက
အဝေးကို ဘယ်လောက်ပဲ ထွက်ပြေးပြေး
ကိုယ့်ရဲ့ ချက်ကြိုးရှိနေတဲ့ ဒီမြို့လေးဟာ
အမြဲတမ်း ကိုယ့်ရဲ့ အိမ်ပဲတဲ့ ။
အဲဒါကြောင့် ထင်ပါတယ်။
ဒီမြို့လေးရဲ့ လေထုဟာ လွမ်းဆွတ် ရနံ့တွေနဲ့ ။
▪️မင်းသန့်ဟန် / မြို့ကလေးရဲ့ရေဒီယို
