#နိုင်ငံတကာသတင်း
◼ယူကရိန်း၌ လုံခြုံရေးအာမခံတပ်ဖွဲ့များချထားမည့်အစီအစဉ်ပြင်သစ်သမ္မတကြေညာ
ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ယူကရိန်းရှိ မဟာဗျူဟာကျသော နေရာများတွင် အ ခြေစိုက်သည့် ဥရောပနိုင်ငံအများအပြားမှ လုံခြုံရေးအာမခံတပ်ဖွဲ့များ စေလွှတ်မည့် အစီအစဉ်ကို ပြင် သစ်သမ္မတအီမန်နျူယယ်မက်ခရွန်ကကြေညာလိုက်သည်။
အဆိုပါတပ်ဖွဲ့များမှာရုရှား၏ရန်လိုမှုအလားအလာကိုအဟန့်အတားဖြစ်စေလိမ့်မည် ဟုပြင်သစ်နိုင်ငံ၊ပါရီမြို့
တော်၌ယနေ့ကျင်းပသည့် အဆင့်မြင့် ထိပ် သီးအ စည်းအဝေးအပြီး သတင်း စာ ရှင်းလင်းပွဲတွင် သမ္မတမက်ခရွန်ကသတင်းထောက်များအား ပြောကြားသည်။
သို့ရာတွင်အဆိုပါတပ်ဖွဲ့များသည် ငြိမ်း ချမ်း ရေးထိန်း သိမ်းမှုတပ်ဖွဲ့များအ ဖြစ်ရည်ရွယ် ခြင်း မဟုတ် သကဲ့သို့ယူကရိန်းတပ်ဖွဲ့များကိုအစားထိုးမည်မဟုတ်ဘဲရှေ့တန်းတွင်မဖြန့်ကြက်ထား သော်လည်း ဗျူဟာမြောက်မြို့များ နှင့် အခြေစိုက်စခန်းများတွင် ထားရှိမည်ဖြစ်ကြောင်းဆိုသည်။
ယူကရိန်းတွင် တပ်ဖွဲ့များစေလွှတ်မှုအပေါ် ဥရောပမဟာ မိတ်များအကြား သဘောထားကွဲနေသော်လည်း အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပံ့ ပိုးရန် ပြင်သစ်နှင့် ဗြိတိန်တို့က ဦးဆောင်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်ကပြောကြားသည်။
"ဒါကတညီတညွတ်တည်း တော့မဟုတ်ဘူး၊ ဒါပေမယ့် ဒါကို အောင်မြင်ဖို့ ကျွန်တော်တို့တစ်သားတည်း ဖြစ်ဖို့မလိုပါဘူး။" ဟု ၎င်းက ပြောသည်။
ထိပ်သီးအစည်းအဝေး၏ ရည်မှန်းချက်မှာ ရေရှည်လုံ ခြုံရေး အာမခံချက်အတွက် အခြေခံ အုတ် မြစ် ချရန်နှင့်ရုရှား၏ကြီးထွားလာနေသောခြိမ်းခြောက်မှုအကြားနောင်လာမည့်ကျူးကျော်ရန်လိုမှုမှန်သမျှကို တိုက်ဖျက်ရေးယူကရိန်းစစ်တပ်အားကာကွယ်ရေး စွမ်းရည်အမြင့်ဆုံးဖြစ်လာရန်တို့ဖြစ်သည်။
ကိဗ်အတွက် အကူအညီများ ပိုမိုအားကောင်းလာစေရန်၊ ရေရှည်ငြိမ်းချမ်းရေးရရှိရန် နှင့်ဥရောပတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ရေးကိုဆွေးနွေးရန်နိုင်ငံပေါင်း ၃၀ နီးပါးမှ ခေါင်းဆောင်များ၊ နေတိုးနှင့် EU အကြီးအကဲများကပြင်သစ်မြို့တော်ပါရီ၌ ယနေ့တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
လေးနှစ်တာကာလအတွင်းဝင်ရောက်လာပြီဖြစ်သော ယူကရိန်းရှိ ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ဖိအားပေးမှုကြောင့်စေ့စပ်ညှိနှိုင်းသူများကအပစ်အခတ်ရပ်စဲရေးအတွက်အပြင်းအထန်ကြိုးပမ်းနေစဉ်ယခုဆွေးနွေးပွဲကိုပါရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပင်လယ်နက်အတွင်း ရေကြောင်းပို့ဆောင်မှုကို အကာ အကွယ်ပေးရန်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအ ဆောက် အအုံဆိုင်များအားတိုက်ခိုက်မှုများကို ရပ်တန့်ရန် အမေရိကန် ကကြားဝင် ဆောင်ရွက် သော သဘောတူညီချက်များကို ငြိမ်း ချမ်းရေးအတွက် ပထမဆုံးခြေလှမ်းအဖြစ် ကြိုဆိုခဲ့ကြသည်။
သို့ရာတွင် အသေးစိတ်အချက်များနှင့်ပတ်သက်၍ မော်စကိုနှင့် ကိဗ် တို့ကသ ဘောထားကွဲလွဲနေပြီး သဘောတူညီချက်ချိုး ဖောက်ကြောင်း အပြန်အလှန်စွပ်စွဲထားကြသည်။
ထိုအတောအတွင်းမှာပင်ယူကရိန်းအားစစ်ရေးအကူအညီယူရိုနှစ်ဘီလီယံထပ်မံပေးအပ်မည်ဖြစ်ကြောင်း ယူကရိန်း ၏ ရေရှည်လုံခြုံရေးအပေါ်ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံ တကာ ထိပ်သီးအစည်းအဝေးမတိုင်မီ ယမန်နေ့ ညနေပိုင်းတွင်ပြင်သစ်သမ္မတအီမန်နျူယယ်မက်ခရွန်က ကတိပြုခဲ့သည်။
"ကျွန်တော်တို့ပေးနေတဲ့ ယူကရိန်းကို ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ရုရှားမှာ ပြောပိုင်ခွင့်မရှိသလို အခြေအနေတွေကိုလည်း သူတို့က သတ်မှတ်လို့မရပါဘူး။" ဟု ၎င်းက ပြောကြားသည်။
သတင်း-လင်းခေတ်
ကိုးကား- Euronews
