#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၇၀ နီးပါး မြင့်တက်
ပြင်ပရွှေဈေးကွက်တွင် ရက်ပိုင်းအတွင်း အခေါက်ရွှေ တစ်ကျပ် သား ကျပ်သိန်း ၇ဝ နီးပါးအထိ မြင့်တက်လာကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်း နှင့်အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေဈေး တစ်အောင်စဒေါ်လာ ၃ဝဝဝ ကျော် ရောက်ရှိခဲ့ပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးအနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရသည်။
ပြည်တွင်းအခေါက်ရွှေဈေးသည် ယခုလ မတ် ၂ဝ ရက်မှ စတင်ကာ ကျပ်၆၈ သိန်းအထိ မြင့်တက်လာခဲ့ရာမှ မတ် ၂၇ ရက်တွင် ကျပ်သိန်း ၇ဝ နီးပါးအထိထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး(MarketRate) မှာမူစံချိန်မီ ရွှေတစ်ကျပ်သားဈေးနှုန်းကျပ် ၅၆၁ဝဝဝဝ ဖြစ်ကြောင်း ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ထုတ်ပြန်ထားကြောင်း သိရသည်။
