4 ပတ် - ဘာသာပြန်ပါ။

အပါးဆုံး ဘေးဘောင် Bezel နဲ့ ဖုန်းဖြစ်လာမယ့် OPPO Find X8s
.
OPPO ကနေ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ Find X8 Ultra ဖုန်းတွေအပြင် OPPO Find X8s | Find X8s+ ဖုန်းတွေလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေတယ်။
ဒီထဲမှာ OPPO Find X8s ဖုန်းက လက်ရှိမှာ ဘေးဘောင်အပါးဆုံးဖုန်းဖြစ်လာမယ်ဆိုပဲ - ဘေးဘောင် (Bezel) အထူက 1.25mm ပဲရှိမယ့်အပြင် လေးဖက်စလုံး - ဘေး၊ အပေါ်အောက်ဘောင်တွေအကုန် Symmertical ဖြစ်မယ်ဆိုတော့ ဘောင်ပါးတဲ့ဖုန်းလိုချင်ရင် တော်တော်လေးမိုက်တဲ့ဖုန်းဖြစ်လာလောက်တယ်။
Specs တွေကတော့ သိထားသလောက် MediaTek Dimension 9400+ Chipset ကိုပဲ သုံးထားမယ်၊​ 6.3" 1.5K AMOLED Display ကိုမှ Metal Frame တွေ၊​ အထူက 8mm အောက်နဲ့ အလေးချိန်ကလည်း 180g အောက်ပဲရှိမယ်။ Triple 50MP Camera Setup ပါမယ်။
အသေးစိတ်ကတော့ မိတ်ဆက်မှပဲ သိရမယ်၊ အခုပုံတွေက OPPO ကနေ ဘောင်ပါးကြောင်းကို Teaser အနေနဲ့ နှိုင်းယှဥ်ပြီး ကြော်ငြာထားတာ သဘောကျမိလို့ ပြန်တင်တာပါ။ OPPO က ဒီနောက်ပိုင်း Find N5 ထဲက ကြော်ငြာတွေကို သေချာလုပ်လာတာတော့ သတိထားမိနေပြီ 👀

image