အပါးဆုံး ဘေးဘောင် Bezel နဲ့ ဖုန်းဖြစ်လာမယ့် OPPO Find X8s
.
OPPO ကနေ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ Find X8 Ultra ဖုန်းတွေအပြင် OPPO Find X8s | Find X8s+ ဖုန်းတွေလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေတယ်။
ဒီထဲမှာ OPPO Find X8s ဖုန်းက လက်ရှိမှာ ဘေးဘောင်အပါးဆုံးဖုန်းဖြစ်လာမယ်ဆိုပဲ - ဘေးဘောင် (Bezel) အထူက 1.25mm ပဲရှိမယ့်အပြင် လေးဖက်စလုံး - ဘေး၊ အပေါ်အောက်ဘောင်တွေအကုန် Symmertical ဖြစ်မယ်ဆိုတော့ ဘောင်ပါးတဲ့ဖုန်းလိုချင်ရင် တော်တော်လေးမိုက်တဲ့ဖုန်းဖြစ်လာလောက်တယ်။
Specs တွေကတော့ သိထားသလောက် MediaTek Dimension 9400+ Chipset ကိုပဲ သုံးထားမယ်၊ 6.3" 1.5K AMOLED Display ကိုမှ Metal Frame တွေ၊ အထူက 8mm အောက်နဲ့ အလေးချိန်ကလည်း 180g အောက်ပဲရှိမယ်။ Triple 50MP Camera Setup ပါမယ်။
အသေးစိတ်ကတော့ မိတ်ဆက်မှပဲ သိရမယ်၊ အခုပုံတွေက OPPO ကနေ ဘောင်ပါးကြောင်းကို Teaser အနေနဲ့ နှိုင်းယှဥ်ပြီး ကြော်ငြာထားတာ သဘောကျမိလို့ ပြန်တင်တာပါ။ OPPO က ဒီနောက်ပိုင်း Find N5 ထဲက ကြော်ငြာတွေကို သေချာလုပ်လာတာတော့ သတိထားမိနေပြီ 👀


