Battery 6200mAh ပါလာမယ့် OnePlus Mini ဖုန်းလေး
Compact ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ နာမည်ကြီးနေတဲ့ OnePlus 13 Mini က ဘတ်ထရီ 6200mAh အထိ ပါလာမယ်လို့ သတင်းတွေထွက်လာပါတယ်။ သူ့ရှေ့မှာ ထွက်ထားတဲ့ OnePlus 13 ကတော့ ဘတ်ထရီ 6000mAh ပါခဲ့တာပါ။
OnePlus 13 Mini (13T လို့လည်း ခေါ်) ဟာ 6200mAh Battery နဲ့အတူ 80W Fast Charge လည်း support သွားမယ်လို့ Weibo မှာ သတင်းတွေ ထွက်နေတာပါ။ နောက်ပြီး Processor အနေနဲ့ Snapdragon 8 Elite ကို သုံးသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
အခြား Spec: တွေအရ လက်ရှိဟော့ဖြစ်နေတဲ့ Oppo ရဲ့ Find X8S လိုပဲ Screen Size 6.3” , "1.5K" resolution , 50MP Main + 50MP Telephoto (2x Optical Zoom) နဲ့ Optical Fingerprint Sensor တစ်ခု ပါဝင်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဖုန်းရဲ့ Frame က Metal နဲ့ပြုလုပ်ထားပြီး Glass Back ပါလာမှာပါ။
