သူများ ဒုက္ခရောက်တဲ့ ကားမျိုးလဲ ဖြစ်ရမယ် ကြောက်စရာကောင်းတဲ့ horror vibe လဲ ရရမယ် ဆိုတဲ့ သူတွေ ကြည့်ရှူရမယ့် classic ရုပ်ရှင် "The Ruins " (2008)....
====================================
ဒီကားကို ငယ်ငယ်တုန်းက ကြည့်ဖူးကြမယ် ထင်ပါတယ်
နွယ်ပင်တွေ မြင်ရင် အနားမကပ်ရဲအောင် trauma တွေ ပေးသွားတဲ့ ကားလေးပေါ့
Story line ကတော့ Mexico တောနက်ထဲက မာယာလူမျိုးတွေရဲ့ ကျောင်းဆောင် ပျက်ကြီးထဲကို
လေ့လာစူးစမ်းဖို့ သွားမိကြရင်း မျှော်လင့်မထားတဲ့ အရာတွေကြောင့် ကျောင်းဆောင်ကြီးရဲ့ ထိပ်မှာ ပိတ်မိနေကြတဲ့ အမေရိကန် ကျောင်းသားလူငယ်လေး တစ်စုရဲ့ အကြောင်းကို ကြည့်ရမှာပါ....
ကြည့်ဖူးတဲ့ သူတွေ သိကြတဲ့ အတိုင်း ဒီကားက body horror ခန်းတွေ အများကြီးပါတယ်
တစ်ချို့ အခန်းတွေဆိုရင် အကြည့်လွဲရတဲ့ အထိ တော်တော်ကို ဆိုးပါတယ်
အဲ့အတွက် သွေးထွက်သံယို ကြမ်းကြမ်းတမ်းတမ်း အခန်းတွေ မကြည့်ရဲကြတဲ့ သူတွေ အတွက်တော့ ဆင်ခြင်သင့်ပါတယ်
2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ " The Ruins " က survival horror ရုပ်ရှင်တွေထဲမှာ ယနေ့ချိန်ထိ classic ရုပ်ရှင် တစ်ခု အဖြစ် ရပ်တည်ထားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ
Sunday လို နေ့လေးမှာ စိတ်လှုပ် တရှားရှားနဲ့ horror vibe လဲ အပြည့်ရမယ့် ကားမျိုးကြည့်ပီး chill ချင်ရင်တော့ " The Ruins " ရှိပါတယ်လို့ ညွှန်းပေးလိုက်ရပါတယ်နော်...
