4 ပတ် - ဘာသာပြန်ပါ။

iOS 19 ဘယ်လို ဒီဇိုင်းပြောင်းဦးမလဲ မြင်ရတော့မယ် 👀
.
Apple ကနေ လာမယ့် ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ WWDC25 - Worldwide Developer Conference 2025 ကို ကျင်းပသွားမယ်လို့ ကြေညာလိုက်ပါပြီ။​ ဒီတစ်ခါမှာလည်း Online Only ပဲဖြစ်ပြီး Apple HQ မှာ Keynote ကိုပဲ In-person ပြုလုပ်သွားမယ်လို့ သိရပါတယ်။

WWDC ဆိုတာနဲ့ ထုံးစံအတိုင်း iOS 19 ကို ဒီနှစ်ရဲ့ အဓိကအနေနဲ့ မိတ်ဆက်ပေးသွားမှာပါ။ Teaser ပုံတွေအရတော့ Elastic ဖြစ်တဲ့ Glassy Gradient Design ကို သုံးထားတယ်။

အစောပိုင်းထဲက iOS 19 ဟာ iOS Software Update တွေရဲ့ သက်တမ်းတလျှောက် အကြီးမားဆုံးပြောင်းလဲမှုတွေရှိလာမယ်လို့ သတင်းထွက်နေခဲ့တာဆိုတော့ ဒီနှစ််မှာ iOS 19 က Apple VisionOS ပုံစံ ဒီဇိုင်းဘက်ကို လုံးဝပြောင်းလဲသွားမယ့်ပုံစံပါပဲ။​

ပြီးတော့ iOS 19 အပြင် macOS ၊​ iPadOS နဲ့ watchOS အသစ်တွေလည်း မိတ်ဆက်သွားမယ်။ ဒီတစ်ခါတော့ Apple Intelligence Feature တွေအကြောင်း ထပ်ပြောဦးမလား စောင့်ကြည့်ရမယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်က Apple iPhone တွေမှာ Software ပိုင်းရော၊​ Hardware ဒီဇိုင်းတွေပါ လုံးဝထပ်ပြောင်းမယ့်နှစ်လို့ ပြောလို့ရပြီ 👀

image