အုန်းနို့ခေါက်ဆွဲ ချက်နည်း❤️
ကုလာပဲခြမ်းဝါကိုရေတညစိမ်ပြီးနူးအောင်ပြုတ်ကာချေပြီးစကာနှင့်အနှစ်ရည်တိုက်
ထားပါ
ကြက်သားအသားသက်သက်
ကိုအတုံးသေးသေးလှီးပြီး
ရှာလကာရည်နဲနဲထည့်ဆား
နနွင်းမဆလာမှုန့်အချိုမှုန့်
ထည့်ပြီးနယ်ထားပါ
ကြက်သွန်နီစင်းလှီး ချင်း
ကြက်သွန်ဖြူထောင်းတာကို
ပျဥ်းတော်သိမ်ရွက်ပါထည့်ပြီးဆီသတ်ပါ ကြက်သွန်နွမ်းရင်
နနွင်းမှုန့်ငရုတ်သီးအစိမ်းမှုန့်
ပါထည့်ပြီးဆီသတ်ပါ အနံ့မွှေး
လာရင်ကြက်သားနယ်ထားတာထည့်ပါမွှေပေးပါ ဆားအချိုမှုန့်နဲနဲမဆလာမွှေးအမှုန့်
ထပ်ထည့်ပါ အရသာမြည်း
ကြည့်ပါအနေတော်ဆိုကြက်သားရေခန်းဆီပြန်လာ
ရင်ကြက်သားဟင်းရပါပြီ
ပဲဟင်းရည်အိုးကိုဆူအောင်
တည်ပါ ကြက်သွန်နီဥသေးများကိုအခွံသင်ပြီးထည့်ပါ
ကြက်ရိုးရှိရင်ပြုတ်ထားသည့်
အရည်ကိုထည့်ပါ ကြက်သွန်
နီးစင်းလှီးထားတာချင်းကြက်
သွန်ဖြူထောင်းထားတာကို
နနွင်းမှုန့်ငရုတ်သီးအစိမ်းမှုန့်
ထည့်ပြီးအနံ့မွှေးလာအောင်
ဆီသတ်ပြီးပဲပြုတ်ရည်အိုး
ထဲကိုလောင်းထည့်ပါမွှေပေးပါ ဆားအချိုမှုန့်ထည့်ပြီးအရ
သာမြည်းကြည့်ပါ အနေတော်
ဆိုအုန်းနို့ဘူးကိုဖေါက်ပြီး
ထည့်ပါ အုန်းနို့ပဲဟင်းရည်ရပါပြီ ကြက်သွန်နီကိုအခွံသင်
ပါးပါးလှီးထားပါ သံပုရာသီး
ကိုလှီးထားပါ
မုန့်အကြွပ်ကြော်ကိုကြော်ထားပါ ဘဲဥကိုပြုတ်ပြီးလှီးထားပါ
ငရုတ်သီးအကျက်မှုန့် ငံပြာ
ရည်ဆောင်ထားပါ
ခေါက်ဆွဲဖတ်ကိုစျေးကဝယ်
ထားပါ
ပွဲပြင်သည့်အခါဇောက်ပါ
သည့်ပန်းကန်တွင်ခေါက်ဆွဲ
ဖတ်ကိုထည့်ပါ အပေါ်မှာ
ကြက်သားဟင်းထည့်ပါ ဘေး
မှာဘဲဥပြုတ်လှီးထားတာ
ကြက်သွန်နီပါးပါးလှီးထားတာ
သံပုရာသီးစိတ် ငရုတ်သီး
အကျက်မှုန့် မုန့်အကြွပ်ကြော်
တို့ကိုထည့်ပေးပါ အုန်းနို့ပဲ
ဟင်းရည်ကိုဘေးကလောင်း
ပေးပါ အုန်နို့ခေါက်ဆွဲကိုစား
လိုရပါပြီ ငံပြာရည်ကလိုအပ်မှ
ထည့်ပါ
စားကောင်းကြပါစေ
Crd
