ခရမ်းချဉ်သီးဆော့်စ်ကို စူပါမားကတ်က ဝယ်ရင် ဈေးကြီးပြီးစားမကောင်းဘူး ။ ဈေးသက်သာပြီး အရသာကောင်းတယ်။ များများလုပ်ထားရင် တွက်ချေကိုက်ပြီး အထားလဲခံပါတယ်။
လုပ်နည်းကတော့ အရင်ဆုံးရေဆေးထားတဲ့ ခရမ်းချဉ်သီးတွေကို အခွံနွှာရလွယ်အောင် ဓါးရာပေးပြီး ရေနွေးပွက်ပွက်ထဲကို ထည့်ပြုတ်ပါမယ်။ ခရမ်းချဉ်သီးကို မစိမ်းလွန်း၊ မမှည့်လွန်းတဲ့ အနေတော်အရွယ်ဝယ်မှ အရသာအတိအကျ ထွက်လာမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးနွမ်းရင် အိုးပေါ်က ဆယ်ချလိုက်ပြီး လက်မပေအောင် အခွံနွှာကြမယ်။ ခုလိုဓားရာပေးထားရင် လူအရမ်းသက်သာပါတယ်။ အခွံကိုပစ်ပြီး အသားတွေကို လေးစိတ်ပိုင်းတဲ့အခါ လက်မထိဖို့သတိထားရပါမယ်။ အားလုံးလှီးပြီးရင်တော့ ကြိတ်စက်ထဲ ထည့်ကြိတ်ရပါမယ်။ ခရမ်းချဉ်သီးအစေ့မကြိုက်တဲ့လူက လှီးကတည်းက တစ်ခါတည်းဖယ်ထားလို့ရသလို ရောကြိတ်ရင်လည်း ဘာမှတော့မဖြစ်ပါဘူး။ ကြိတ်ထားတဲ့ ဖျော်ရည်ကို မကပ်တဲ့အိုးထဲထည့်ကျို၊ အရောင်မပြောင်းခင် သကြားဆတစ်ဝက်စာထည့်ပြီး ဆက်တိုက်မွှေ၊ သကြားတွေအရည်ပျော်ပြီး ပွက်ပွက်ဆူလာတဲ့အထိ လုံးဝမနားဘဲ မွှေပေးရပါမယ်။ မွှေနေရင်းတအားကပ်လာရင် ဆားနဲ့ရေနည်းနည်းထည့်ပြီး ထပ်မွှေပါမယ်။ ခရမ်းချဉ်သီးက အရည်အကုန်ခမ်းပြီး သကြားဆီချည်းပဲကျန်ရင်တော့ ဘယ်တော့မှ မသိုးမယ့် ချဉ်ချဉ်ချိုချို ခရမ်းချဉ်ဆော့ကို ရရှိပါပြီ။
Credit

image