4 w - Translate

ပြည်ပသို့ သွားရောက်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ အလုပ်လုပ်ကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း
ရန်ကုန်၊ မတ် ၂၆
ပြည်ပကို သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာပဲ အလုပ်လုပ်ကြဖို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားပါတယ်။
မတ်လ ၂၅ ရက်နေ့က နစကဥက္ကဋ္ဌရုံးမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
တဖက်မှာလည်း ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်မယ့် လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နိုင်မယ်ဆိုရင် ကြီးပွားတိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိပြီးဖြစ်တယ်လို့ ဆိုပြန်ပါတယ်။
ပြည်တွင်းမှာ လုပ်ကိုင်နိုင်ရေးအတွက်ကိုတော့ ၎င်းတို့ကို နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စက်မှုနည်းပညာတွေ စတာတို့ကို ဖော်ဆောင်ပေးနိုင်ရမှာဖြစ်တယ်လို့လည်း နစကဥက္ကဋ္ဌက ပြောထားပါတယ်။
ဒါ့အပြင် မိမိတို့နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်မယ့် အရင်းအမြစ်ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အားနည်းချက်တွေ ရှိတယ်လို့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

image