“ ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘယ်အချိန်ဘာဖြစ်မယ်လို့တိတိကျကျသတ်မှတ်ပြီးသားလား၊ ဒါမှမဟုတ် ရည်ရွယ်ရာမရှိဘဲ လေယူရာတိမ်းနေရတာလား၊ နှစ်မျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတာလား ”
ကျွန်တော်တို့ ရုပ်ရှင်တွေ ကြည့်တဲ့အချိန်မှာ ကြည့်ပြီးတာနဲ့ ရင်ထဲ တစ်ခုခုကျန်တာမျိုး၊ရုပ်ရှင်ထဲမှာ ပြသသွားတဲ့ အတွေးတွေက အပြင် ကမ္ဘာကြီးမှာပါ အသုံး၀င်တဲ့ အတုယူစရာတွေရခဲ့တာမျိုး၊လူတိုင်းကြည့်သင့်လောက်အောင် ကောင်းတဲ့ ခံစားချက်မျိုးပေးတဲ့ ရုပ်ရှင်မျိုး စတဲ့ ရုပ်ရှင်တွေကြည့်ဖူးကြမှာပါ။ဒီရုပ်ရှင်ကလည်း အဲ့လို ရုပ်ရှင်ထဲက တစ်ခုဖြစ်ပြီး ရိုးရိုးရှင်းရှင်း နဲ့ ရုပ်ရှင်ရဲ့ပေးချင်တဲ့ မက်ဆေ့တွေကို အကောင်းဆုံးပုံဖော်ပေး‌နိုင်တာမလို့ ဒီရုပ်ရှင်အကြောင်း ပြောပြချင်ပါတယ်။သူနာမည်ကတော့
ဖော်ရက်စ်ဂေ့မ် တဲ့။မွေးကတည်းက ဦးနှောက် IQ က 75 ပဲရှိပြီး ခြေထောက်ကလည်း ပုံမှန်မဟုတ်တာကြောင့် အကူကိရိယာတွေနဲ့ပေါ့။ပုံမှန်ကျောင်းတွေကလည်း IQ နိမ့်တဲ့ ဖော်ရက်စ်ဂေ့မ်ကို လက်မခံချင်ပေမယ့် သူ့အမေကြောင့်ပဲ ကျောင်းတက်နိုင်ခဲ့ပါတယ်။ကျောင်းတက်တဲ့နေ့မှာလည်း သူငယ်ချင်းများများစားစားမရှိခဲ့ပါဘူး။ဂျင်နီ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပဲရှိပါတယ်။သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဆိုလည်း မမှားပါဘူး။ထုံစံအတိုင်း လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ဖော်ရက်စ် ကို ကျောင်းကအနိုင်ကျင့်တဲ့ကောင်တွေက စက်ဘီးနဲ့လိုက်အနိုင်ကျင့်ပါတယ်။ဖော်ရက်စ်လည်း သူတို့လက်‌ကလွတ်အောင်ပြေးရင်း သူခြေထောက်က ပုံမှန်အတိုင်းဖြစ်သွားခဲ့ပြီး တကယ်မြန်တဲ့ အရှိန်နဲ့လည်း ပြေးနိုင်ခဲပါတယ်။ဒီလိုနဲ့ သူ့အမေစကားတွေကို အမြဲနားထောင်ပြီး ကြီးပျင်းလာတဲ့ ဖော်ရက်စ် မှာ သူသိတဲ့ အရာသိပ်မရှိပါဘူး။သူ့အမေကို ဂရုစိုက်မယ်၊ဂျင်နီ ကိုချစ်မယ် နှင့် သူ့သူငယ်ချင်းတွေအပေါ်ကို ကောင်းပေးမယ် ဒါပဲသူသိပါတယ်။ကျန်တဲ့ အမှားအမှန် မကောင်းတာတွေ ကောင်းတာတွေ နိုင်ငံရေးတွေ ဒါတွေတစ်ခုကိုမှ သူ့မှာ ဝေဖန်ခွဲခြားနိုင်တဲ့ ဉာဏ်မရှိပါဘူး။ဒါကြောင့် သူ့ဘ၀ က အရမ်းရိုးရှင်းပြီးအေးချမ်းပါတယ်။နောက်တော့ အမေရိကန် ဘောလုံး အသင်းတစ်ခုရဲ့ နည်းပြက ဖော်ရက်စ်ပြေးတာကို မြင်ပြီး သူ့အဖွဲ့ထဲ ထည့်လိုက်ပါတယ်။ပြေးတာ တစ်ခုပဲသိတဲ့ ဖော်ရက်စ်ကတော့ ဘောလုံးရပြီဆိုတာနဲ့ ဘယ်သူမှ မမှီနိုင်တဲ့ အရှိန်နဲ့ ကွင်းအဆုံးထိ ပြေးတော့တာပါပဲ။ဲဒါကြောင့်ပဲ ဖော်ရက်စ်တို့ အသင်းလည်း အနိုင်ရခဲ့ပါတယ်။
IQ နိမ့်ပါတယ်ဆိုတဲ့ ဖော်ရက်စ်လည်း နောက်ဆုံးမှာ ဘွဲ့ရသွားပြီ စစ်သားတစ်ယောက်က စစ်မှုထမ်းဖို့ လက်ကမ်းစာစောင်လာဝေတော့ စစ်သားလုပ်ပြန်ပါတယ်။ဒီလိုအစပြုရင်း ဖော်ရက်စ်ရဲ့ ဘ၀ဇာတ်ကြောင်းဟာ ဘောလုံးသမားဖြစ်ခဲ့ပြီး ခု စစ်သားလုပ်တယ်။ပြီးတော့ ပေါင်ပင် ကစားဖြစ်ခဲ့တယ်။ပြီးတော့ ပုဇွန်ဖမ်းလှေတွေပိုင်တဲ့ ကော်ပရေးရှင်းကြီးကို ပိုင်တဲ့ မီလီယံနာ တစ်ယောက်ဖြစ်ခဲ့တယ်။ပြီးတော့ သူတို့မြို့မှာ မြက်အလကားရိတ်ပေးတဲ့ မြတ်ရိန်သမားဖြစ်ခဲ့တယ်။ပြီးတော့ အပြေးသမားတစ်ယောက်ဖြစ်ပြန်တယ်။နောက်တော့ အဖေတစ်ယောက်ဖြစ်လာတယ်။ဒီလို အလုံးစုံ အများကြီးဖြတ်သန်းခဲ့တဲ့ ဖော်ရက်စ် ဂေ့မ်ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်ထဲမှာ ပျင်းစရာနေရာတစ်ခုမှမရှိဘဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ပြီးတော့ သူရဲ့ အတွေးတွေထဲမှာ ဂျင်နီက နေရာယူထားပြီး ဖောရက်စ် ရဲ့ အချစ်ကိုလည်း ရိုးရိုးလေးနဲ့ အလှပဆုံး ပုံဖော်ထားပါသေးတယ်။ဒါကြောင့် ဇာတ်လမ်းအစနဲ့အဆုံးကို ငှက်မွေးလေးတစ်ခုနဲ့ စတင်ထားပြီး မကြည့်လိုက်ရလို့ နောင်တမရလေအောင် "Forrest Gump (1994)"ကို ကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image