ထမင်းမြိန်စေတဲ့ ရှမ်းဟင်းစစ်စစ်ဝက်ရိုး+ပိန္နဲသီး+စွယ်တော်ရွက်+ဆူးပုတ်ရွက်ဟင်းရည်ပါ...
၁။ဝက်ရိုး+ကြက်သွန်နီကိုပါးပါးလှီးပြီးပြုတ်ထားပေးပါ။
၂။ဆား, ကြက်သားမှုန့်, ပဲပုတ်မှုန့်ထည့်ပြီး ပိန္နဲသီးကိုနူးတဲ့အထိတည်ထားပေးပါ။
၃။ပိန္နဲသီးနူးရင် စွယ်တော်ရွက်နဲ့ဆူးပုတ်ရွက်လေးကိုထည့်ပေးလိုက်ပါ။
၄။နောက်ဆုံးအနေနဲ့ကြက်သွန်ဖြူကိုတောက်တောက်စင်း, အရောင်တင်, နနွင်းတို့နဲ့ဆီသပ်ပြီးထည့်ပေးလိုက်ပါ။ ဟင်းရွက်ထည့်လို့ဟင်းရည်ပြန်ပွက်လာပြီးရင်ခဏနေမီးဖိုပေါ်မှ ချ ပြီးစားလို့ရပါပြီ။
Credit : ဟင်းကောင်းကောင်းလေး ချက်စားကြစို့
