4 w - Translate

Lucy
2014 ‧ Action/Sci-fi ‧ 1h 30m

လူစိဟာဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြိုမှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။
သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက

လူဆိုးအဖွဲတစ်ဖွဲဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း
အသတ်ခံရပြီး သူကတော့ CPH4 လိုခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို
သယ်ဆောင်ပေးဖို အကြပ်ကိုင်ခံရပါတယ်။
ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊
CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။
သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပိုပေးရမှာပါ။
ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး
ဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့………………….
နာမည်ကျော် ညှိအားပြင်း မင်းသမီးချော Scarlett Johansson
ခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik က
Johansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။
ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေ
တော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်
သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကို
ရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီး
ကုန်ကျစရိတ် ဒေါ်လာ သန်း ၄ဝပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်
ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီး
Rotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

image