❝
လူငယ်အရွယ်မှာ စာဖတ်ရတာဟာ
လမင်းကို ထရံပေါက်ကြား
နံရံအက်ကြားက
ချောင်းကြည့်ရတာနဲ့တူတယ်။
လူငယ်ဆိုတော့
အတွေ့အကြုံ မရင့်သန်သေးဘူး။
အတွေးအခေါ် မလေးနက်သေးဘူး။
ဒါကြောင့်မို့ ရိုးတိုး ရိပ်တိတ်ပဲ
မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ
စာဖတ်ရတာဟာ လမင်း ကို
အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့
တူတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။
လရောင် ဘယ်လောက်လင်းသလဲ။
ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ
ဘယ်လိုအနေအထားရှိသလဲဆိုတာ
အကဲခတ်ခွင့်ရပြီ။ လူကြီးပိုင်းမှာ
စာဖတ်ရတော့ လမင်းကို
လသာဆောင် ဝရန်တာပေါ်က
တက်ကြည့်ရတာနဲ့ တူတယ်။
ကိုယ့်နောက်မှာ အတွေ့အကြုံတွေ
အများကြီး ကျန်ရစ်ခဲ့ပြီ။
ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ ❞
× × × × × × × × × ×
▪️မြသန်းတင့်▪️
▫️လမင်းကိုထရံပေါက်မှကြည့်ခြင်း▫️
