4 w - Translate

SB-C to 3.5mm ကြိုးတော့ ၁ သိန်းခွဲနီးပါး ($39) နဲ့ ထပ်ဝယ်မှရပါမယ် 🫠
.
Apple ကနေ ထူးထူးခြားခြား AirPods Max (USB-C) Version အတွက် နောက်လမှာ Software Update ကနေတစ်ဆင့် Lossless Audio နဲ့ Ultra-low Latency Audio တွေကို ထောက်ပံ့ပေးသွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။
ဆိုတော့ နောက်လမှာ ထွက်မယ်လို့ သတင်းထွက်နေတဲ့ iOS 18.4 Update မှာ စပြီး အခုလို Lossless Audio ကိုစပြီး Support ပေးဖို့သေချာသွားပြီ၊ ထူးခြားတာက အခုလည်း ရသေးတာမဟုတ်ပဲ ဘာလို့ ကြိုပြီး Press Release ထုတ်ပြီး ကြေညာနေတာလဲဆိုတာပဲ...။
ဘာပဲဖြစ်ဖြစ် iOS 18.4 Update အပြီးမှာ AirPods Max (USB-C) က 24-bit/48kHz Lossless Audio တွေကို Apple Music ကနေတစ်ဆင့် နားထောင်လို့ရပြီ။​ Apple ကတော့ လောလောဆယ် Apple Music မှာ Lossless Audio ကို ထောက်ပံ့ပေးနိုင်တဲ့ သီချင်းပေါင်း သန်း ၁၀၀ ကျော်ရှိနေပြီဆိုပဲ။
ဒါပေမယ့် ဒီ Lossless Audio ကို မနေ့ကသတင်းရေးဖူးသလို Wi-Fi (သို့) Wireless ကနေ သုံးနိုင်မှာလားဆိုတော့ မဟုတ်ပါဘူး။ Apple က ဒီသတင်းထုတ်ပြီး AirPods Max (USB-C) အတွက် USB-C to 3.5mm Audio Cable ကို $39 နဲ့ ထုတ်ရောင်းလိုက်ပါတယ်။ ဆိုတော့ AirPods Max (USB-C) မှာ Lossless Audio နဲ့ သီချင်းနားထောင်ချင်ရင် ကြိုးထပ်ဝယ်ရမယ့်အပြင် USB-C ဖြစ်တဲ့ iPhone 15/16 တွေရှိဖို့၊​ မဟုတ်လည်း Mac တွေလိုအပ်မှာပါ။
ဒီလို ကြိုးနဲ့နားထောင်ရတော့ Lossless Audio အပြင် Ultra-low Latency ကိုပါ သုံးနိုင်မယ်လို့ ဆိုထားတယ်၊ Apple ကတော့ ဒီလို Latency မရှိတော့ Artist တွေ၊ Streamer တွေအတွက် ပိုအဆင်ပြေသွားမယ်လို့ပြောထားတယ် - ကြိုးနဲ့တပ်ထားပြီးမှ Latency ရှိနေရင်တော့လည်း 🫠
ကောင်းတာတစ်ခုက ကြိုးနဲ့နားထောင်တာတောင် Personalized Spatial Audio လို Feature တွေဆက်သုံးလို့ရမယ်၊ ထင်တာကတော့ Apple က အခုရောင်းတဲ့ $39 တန် Original USB-C to 3.5mm ကြိုးက ကျိန်းသေဝယ်ဖို့လိုမယ့်ပုံစံပဲ။ Third-party မရလောက်ဘူး။​
ဘာပဲဖြစ်ဖြစ် Apple က စပြီး Lossless Audio ကို စပြီးလုပ်လာပြီ၊​Software Update တွေမှာလည်း Support လုပ်ဖို့ပြင်ဆင်နေပြီဆိုတော့ ဒီနှစ်အသစ်ထွက်မယ့် AirPods Pro 3 မှာ Lossless Audio ကို Wireless နဲ့ နားထောင်နိုင်ဖို့ ပိုဖြစ်နိုင်ခြေများလာပြီလားပေါ့...။​

image