4 ပတ် - ဘာသာပြန်ပါ။

စာသင်ကျောင်းတွေကို ကမ္ဘာမြေပေါ်ကနေ
လုံးဝ ဖျောက်ပစ်လိုက်တယ်။ ဒါပေမယ့်
အဆင့်မြင့် ပညာရေးကို သင်ပေးတဲ့
တက္ကသိုလ်ဆိုတာကတော့ ရှိနေတုန်းပဲ။
သို့ပေမယ့်... အဲဒီတက္ကသိုလ် ဆိုတာတွေက
မြှင့်တင်ခံထားရတဲ့ လူငယ်တွေကိုပဲ
လက်ခံကြတာဆိုတော့ သာမန် လူငယ်၊
ဒါမှမဟုတ် မြှင့်တင်မထားဘဲ
ပကတိအတိုင်း ရှိနေသေးတဲ့
အော်ရီဂျင်နယ် လူသားလေးတွေကို
ဘယ်သူကမှနေရာမပေးကြတော့ဘူး
ဒါကြောင့်လည်း
AGE ကြောင့် အသက်သေနိုင်တဲ့နှုန်းက
၅ဝ ရာခိုင်နှုန်းအထက်မှာ ရှိနေတာတောင်
အပြိုင်အဆိုင် ပြင်းထန်တဲ့ လောကကြီးထဲမှာ
ကျင်လည်နေရတဲ့ လူကြီးမိဘတွေအဖို့
သူတို့ရဲ့ သားငယ်၊ သမီးငယ်တွေကို
အရဲစွန့်ပြီး မြှင့်တင်ပေးရုံကလွဲလို့
တခြား ရွေးချယ်စရာလမ်း မရှိသလောက်ပဲ။
ဒီဇာတ်လမ်းက ခေတ်လွန် စိတ်ကူးယဉ်
သိပ္ပံဝတ္ထုတစ်ပုဒ် ဆိုပေမယ့်
စာရေးဆရာကြီး အိရှီဂူရို အသားပေး
ဖော်ပြချင်တဲ့ အကြောင်းအရာက
သိပ္ပံ မဟုတ်ဘူး။ နည်းပညာမဟုတ်ဘူး။
လူ့အကြောင်း... အတိအကျ ပြောရရင်
လူ့စိတ် အကြောင်း။ လူတွေရဲ့ အထီးကျန်မှု
အကြောင်း၊ လူတွေရဲ့ မေတ္တာအကြောင်း။
_ _ _ _ _ _ _ _ _ _
▫️အာကာဦး▫️
▪️ကလာရာနှင့်ရှင်နေမင်း▪️

image