4 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားသို့သွားရောက်ရန် အစီအစဉ်ရှိ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားသို့လာရောက်ရန် အစီအစဉ်များလုပ်ဆောင်နေကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောသည်။
ကင်ဂျုံအန်းအား ရုရှားသို့လာရောက်ရန် တရားဝင်ဖိတ်ကြားထားပြီး လာရောက်မည့်အချိန်ကို သံတမန်လမ်းကြောင်းမှ တစ်ဆင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ၎င်းကသတင်းထောက်များ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား စစ်ရေးအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်နေချိန်တွင် လွန်ခဲ့သည့်သီတင်းပတ်အတွင်းကလည်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုအတွင်း ရုရှားသမ္မတထံမှစာတစ်စောင်ကိုကင်ဂျုံအန်းအား ပေးအပ်ခဲ့ရာအဆိုပါစာသည် ကင်ဂျုံအန် ရုရှားသို့ထပ်မံလာရောက်ရန် သမ္မတပူတင်၏ဖိတ်ကြားချက်ဖြစ်ကြောင်း ရုရှားသံတမန်သတင်းရင်းမြစ်များက ပြောသည်။
၂ဝ၂၄ ခုနှစ်ဇွန်လတွင် ရုရှားသမ္မတပူတင်သည် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြားဘက်စုံမဟာဗျူဟာစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ နောက်တစ်ကြိမ် ထိပ်သီးအစည်းအဝေးကို ရုရှားတွင် ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်းပြောဆိုထားခဲ့သည်။
အင်န်အိတ်ချ်ကေ

image