15 w - Translate

WhatsApp သည် အသစ်ထည့်သွင်းမည့်featureတစ်ခုဖြစ်သော Motion Photos ကို မကြာမီမိတ်ဆက်ပေးမည်ဖြစ်သည်။

WABetaInfo တွင်ဖော်ပြထားသည့်အတိုင်း ၎င်းလုပ်ဆောင်ချက်ကို Android ဗားရှင်း 2.25.8.12 အဖြစ်Google Play Store တွင် beta tester အနေဖြင့်စမ်းသပ်အသုံးပြုနိုင်ပါပြီ။

အသုံးပြုသူများသည် ဓာတ်ပုံကို သာမန်ပုံစံဖြင့် သို့မဟုတ် Motion Photo အဖြစ် သီးခြားရွေးချယ်၍ ပို့နိုင်မည်ဖြစ်ပြီး Gallery function အသစ်တစ်ခုအနေဖြင့် ထည့်သွင်းပေးထားသည်။

အဆိုပါလုပ်ဆောင်ချက်သည် တစ်ဦးချင်းစီ (individual chats)၊ အုပ်စုများ (group chats) နှင့် ချန်နယ်များ (channels) တွင်အသုံးပြုနိုင်မည်ဖြစ်သည်။iOS အသုံးပြုသူများအတွက်တော့ Live Photos အဖြစ်မြင်တွေ့ရမှပါ။

Motion Photo ပေးပို့နိုင်မှု လုပ်ဆောင်ချက်သည် လက်ရှိတွင်ဖန်တီးမှုအဆင့်တွင်ရှိနေပြီး မကြာမီတွင် စတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

image