4 w - Translate

ထန်းသီးကြွေခိုက် ကျီးပျံခိုက်
====================
အသုံးတွင်ကျယ်နေသည်က ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဟူ၍ဖြစ်၏၊ ထိုစကား၏ အမှန်တကယ်မူရင်းက ထန်းသီးကြွေခိုက် ကျီးပျံခိုက်သာဖြစ်၏၊ ဖြစ်တောင့် ဖြစ်ခဲ ကြုံတောင့် ကြုံခဲ တိုက်ဆိုင်လွန်းသော အဖြစ်တစ်ခုဟု အဓိပ်ပါယျရှိ၏။
အကယ်၍ ကြွေလု ကြွေဆဲထန်းသီးပေါ်၌ ကျီးနားမိစဉ် ထန်းသီးကြွေကျတာနဲ့ကြုံပါက အနည်းငယ်သော ကျီး၏အလေးချိန်ကြောင့် ထန်းသီးကြွေကျသွားတာဟု ဆိုဖွယ်ရှိ၏၊ ကြုံကြိုက်သွားခြင်းဟု ဆိုနိုင်၏၊ တိုက်ဆိုင်သွားသည်ဟုဆိုနိုင်၏၊ သို့သော် အလွန့်အလွန်တိုက်ဆိုင်ခြင်းဟုကား မဆိုနိုင်။
အပေါ်က ထန်းသီးကြွေကျနေချိန် အောက်ကကျီးကန်းဖြတ်ပျံသွားခိုက်နှင့်ကြုံပါက ထန်းသီးမှန်၍ ကျီးကန်းသေသွားသည့်အဖြစ်မျိုးသာ အလွန့်အလွန် ကြုံတောင့် ကြုံခဲ ဖြစ်တောင့် ဖြစ်ခဲ တိုက်ဆိုင်လွန်းသောအဖြစ်ဟုဆိုနိုင်၏။
ထိုအကြောင်းကို အဘိဓာန်ဂါထာနံပတ် ၇၄၀.၌...
အသမ်ဘာဝိတ သမ်ပတ်တံ၊
ကာကတာလိယ မုစ်စတေ ဟုဆို၏။
အသမ္ဘာဝိတ သမ္ပတ္တံ၊ မကြံမစည် မရည်မစောင် ရောက်သောအမှုကို။ ကာကတာလိယမုစ္စတေ၊ ထန်းသီးကြွေခိုက် ကျီးပျံခိုက်နှင့်တူသောအမှုဟူ၍ ဆိုအပ်၏။
ကာကတာလီယံ ကာကတာလသဒ္ဒေါ ကာကဿ ဂမနေဧဝ တာလဿ ပတနေန ကာကဿ မရဏေ ဝတ္တတေ။(မုဒ္ဓဗောဓဋီကာ)
ကာကတာလသဒ္ဒေါ၊ ကာကတာလသဒ်ဒါသညျ။ ကာကဿ၊ ကျီး၏။ ဂမနေဧဝ၊ ပျံသွားစဉ်သာလျှင်။ တာလဿ၊ ထန်းသီး၏။ ပတနေန၊ ကြွေကျခြင်းကြောင့်။ ကာကဿ၊ ကျီး၏။ မရဏေ၊သေခြင်း၌။ ဝတ္တတေ၊ဆိုအပ်၏။

image