4 w - Translate

ငေါ့ချမ်းခချောင်းအတွင်း ဆိုင်ကယ်ထိုးကျပြီး တစ်ဦးပျောက်ဆုံးနေ
********************
(ပြည်တွင်း) မတ်လ ၂၅
ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ ချန်းမော်ခုံးဒေသက ငေါ့ချမ်းခချောင်းအတွင်းကို ဆိုင်ကယ်တစ်စီးထိုးကျသွားခဲ့လို့ ဆိုင်ကယ်စီးလာသူတစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ချီဖွေမြို့နယ် ၊ချန်းမော်ခုံးဒေသမှာ လူနှစ်ဦးစီ နှင်းလာသောဆိုင်ကယ်တစ်စီးဟာ မတ်လ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ တံတားကို ဖြတ်သန်းနေစဉ် အရှိန်မထိန်းနိုင်ပဲ ငေါ့ချမ်းခ ချောင်းအတွင်းထိုးကျသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငေါ့ချမ်းခချောင်းကူးတံတားအောက်ထဲကို ဆိုင်ကယ်ထိုးကျမှုကြောင့် ဆိုင်ကယ်စီးလာသူတွေထဲက တစ်ဦး ပျောက်ဆုံးနေပြီး တစ်ဦးကတော့ အသက်ရှင်လျက်ပြန်လည်တွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

image