တရုတ်က နှစ်ပေါင်း ၁၀၀ သုံးနိုင်တဲ့ နယူးကလီးယား ဘက်ထရီကို တီထွင်
==========================================
တရုတ် နိုင်ငံ ဂန်စုမှ Northwest Normal တက္ကသိုလ်မှ သုတေသနပညာရှင်တွေက နှစ်ပေါင်း ၁၀၀ သုံးနိုင်တဲ့ ပထမဆုံး နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပါတယ်။ Radioactive Carbon ကို အသုံးပြုပြီး အဲဒီဘက်ထရီကို တီထွင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဘက်ထရီကို ပင်လယ်ရေအောက်နဲ့ အာကာသ စူးစမ်းလေ့လာရေးလို ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးဟာ သန့်ရှင်းတဲ့ စွမ်းအင် အရင်းအမြစ်ကို ရှာဖွေလာကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကို မပူနွေးစေဘဲ လိုအပ်တဲ့ စွမ်းအင် ရနိုင်မယ့် နည်းလမ်းတွေကို တီထွင်နေကြပါတယ်။ လေ နဲ့ နေရောင်ခြည်စွမ်းအင်ဟာ အသုံးဝင်ပေမယ့် အချိန်ပြည့် မရသလို ပြင်ပ အရင်းအမြစ်တစ်ခုကို မှီခိုနေရပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ အသုံးပြုလို့ မရပါဘူး။
နယူးကလီးယား ဘက်ထရီကတော့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ Isotopes တွေရဲ့ ရေဒီယို သတ္တိကြွတဲ့ စွမ်းရည်ကို အသုံးပြုထားပါတယ်။ ရေဒီယို သတ္တိကြွတဲ့ဒြပ်ထုရဲ့ သက်တမ်း တစ်ဝက်ဟာ နှစ် ရာပေါင်းများစွာ ကြာမြင့်ပါတယ်။ အဲဒီအတွက် နယူးကလီးယား ဘက်ထရီဟာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ လိုအပ်တဲ့ စွမ်းအင်ကို ပံ့ပိုးပေးနိုင်ပါတယ်။
