ကိုယ့်အိပ်မက်ထက်
သူ့အိပ်မက်တွေကိုပဲ ဖြည့်ဆည်းပေးချင်တယ်
ကိုယ့်နာကျင်မှုကို ဂရုမစိုက်ဘဲ
သူပင်ပန်းနေလား?
သူအဆင်ပြေရဲ့လား?
သူကိုယ့်ကြောင့် သိမ်ငယ်နေရလားတွေးပြီး
အမြဲရှေ့ကနေ မားမားမတ်မတ်
ကာကွယ်ပေးပြီး စောင့်ရှောက်ပေးတတ်တာ
ယောကျာ်းတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပါတဲ့
ငွေကြေးဥစ္စာနဲ့ ချစ်ခြင်းမေတ္တာမှာ
ချစ်ခြင်းမေတ္တာကသာ
အရာအားလုံးကို ကျော်လွှားနိုင်တာပါ
ကိုယ့်ဘေးမှာ အဲဒီစစ်မှန်တဲ့ လူသားတစ်ယောက်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ရင်
သူ့ကို မနာကျင်စေဘဲ တန်ဖိုးထားပါ...။
