" အဖြစ်များနေတဲ့ ပါးချိတ်ရောင်ရောဂါ (သို့မဟုတ်) မော်နာ” ⚠⚠
အခုတလောမှာ ပါးချိတ်ရောင်ရောဂါ (Mumps) ဖြစ်တဲ့ကလေးတွေ တော်တော်များများ တွေ့ရပါတယ်။ မြန်မာလိုတော့ “မော်နာ” လို့လည်း ခေါ်ပါတယ်။
အထူးသဖြင့် ကျောင်းသားအရွယ် ကလေးတွေမှာ တွေ့ရပါတယ်။
ပါးချိတ်ရောင် (Mumps) က ဗိုင်းရပ်စ်ပိုးတစ်မျိုး ကြောင့် ဖြစ်တာပါ။ ကူး.စ.က်လွယ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်က လူခန္ဓာကိုယ်ထဲကို ဝင်ပြီးရင် လူ့ရဲ့ ပါးစပ်ထဲကို တံတွေးထည့်ပေးတဲ့ တံတွေး အကျိတ် (Salivary glands) တွေမှာ ထပ်မံပေါက်ပွားပြီး ဒီအကျိတ်တွေကို ရောင်ယမ်းစေပါတယ်။ အဓိက အကြီးဆုံး တံတွေးအကျိတ်ကတော့ နားရွက် အောက်ပိုင်း နားကပ်ပန်တဲ့ နေရာလေးရဲ့ ရှေ့၊ နောက်နဲ့ အောက်ဖက်မှာရှိတဲ့ အကျိတ် (Parotid gland) ပါ။
အဲ့ဒါအပြင် အောက်မေးရိုးရဲ့ ဘေး တဖက် တချက် အတွင်းဖက်မှာလည်းကောင်း၊ လျှာခင်ရဲ့ ဘေးတစ်ဖက်တချက်မှာ လည်းကောင်း၊ တံတွေး အကျိတ်တွေရှိလို့ အဲ့ဒီနေရာတွေလည်း ရောင်ယမ်းနိုင်ပါတယ်။
#ပါးချိတ်ရောင်ရောဂါကူးစက်ပုံ
တံတွေးထဲမှာပါတဲ့ ဒီဗိုင်းရပ်စ်က နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် တံတွေးပေထားတဲ့ လက်က တဆင့် အခြားလူတစ်ယောက်ဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။
#ရောဂါလက္ခဏာများ
မျက်နှာရဲ့ တဖက်တချက်မှာရှိတဲ့ ပါးချိတ်တွေရောင်ပြီး နာလာပါမည်။ တခါတလေ တဖက်တည်း၊ တခါတလေ တပြိုင်နက် ရောင်တတ်ပါတယ်။
အစာကို ဝါးစားတဲ့အခါမှာလည်း နာတတ်ပါတယ်။
တခြား လက္ခဏာ တွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ် နာခြင်း၊ အာခေါင် ခြောက်ခြင်း၊ ဗိုက် အနည်းငယ်နာခြင်း၊ ခွန်အားလျော့ခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ အပူကြီးခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
#ကုသမှု
အကျိ.တ်ပေါ်မှာ ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊
ပါးစပ်ကို သန့်အောင် ထားပါ။
မကြာခဏ ဆားရည် နွေးနွေးနဲ့ ပလုပ်ကျင်းပေးပါ။
နီးစပ်ရာဆေးခန်းသို့ပြသပါ။

image