4 ပတ် - ဘာသာပြန်ပါ။

PtoP သမားတွေကြိုက်မှာမဟုတ်တဲ့ Smartwatch တွေ 👀
.
Pebble ဆိုတဲ့ နာမည်ဟာ ဟိုးအရင်တုန်းထဲက Smartwatch တွေကို စိတ်ဝင်စားတယ်ဆိုရင် သိကြမှာပါ။ Smartwatch ဆိုတာတွေ ခေတ်မစားခင်ထဲက ဒီဇိုင်းက ကွဲထွက်နေပြီး e-Ink Display လိုမျိုးတွေနဲ့ သူ့ပုံစံဟန်တစ်ခုရှိတဲ့ Smartwatch ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် Pebble ကုမ္ပဏီကို ၂၀၁၆ တုန်းက Fitbit ကနေ ဝယ်ယူခဲ့ပြီး နောက်ပိုင်း ဆက်မထုတ်စေတော့ပဲ​ ကုမ္ပဏီကို ပိတ်ချလိုက်တယ်။ Fitbit ဆိုတာကလည်း အခုဆို Google WearOS အနေနဲ့ပဲ​ ပူးပေါင်းလိုက်တော့ Pebble က လုံးဝပျောက်သွားသလိုဖြစ်သွားတယ်။ အခုအချိန်အထိပေါ့။
ဘာကြောင့်လဲဆိုရင် Pebble ကုမ္ပဏီရဲ့ မူရင်းတည်ထောင်သူ - Eric Migicovsky ကနေ Pebble 2 နဲ့ Pebble Time 2 တွေရဲ့ ဒီဇိုင်းပုံစံနဲ့ Core 2 Duo နဲ့ Core Time 2 ဆိုပြီး Smartwatch အသစ်တွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
Pebble ပုံစံဖြစ်ပေမယ့် Core နာမည်ကို သုံးထားတာက Pebble ဆိုတဲ့ နာမည်ကို ပြန်သုံးလို့မရတော့လို့ ဖြစ်နိုင်ပေမယ့် သုံးထားတဲ့ OS Software က PebbleOS ကိုပဲ​ သုံးထားဦးမှာဖြစ်ပါတယ်။ ဒီလိုမျိုး PebbleOS ကို ပြန်သုံးနိုင်တာကလည်း အခု ၂၀၂၅ ခုနှစ်ကြမှ Google ကနေ PebbleOS ကို Open Source အနေနဲ့ ထုတ်ပေးထားတာကြောင့်ပါ။
ဆိုတော့ ဒီ Pebble မဟုတ်တဲ့ Core 2 Duo နဲ့ Core Time Duo တွေက စျေးနှုန်းအနေနဲ့ $149 နဲ့ $225 နဲ့ ရောင်းချသွားမယ်။ ဒါတောင် ချက်ချင်းဝယ်နိုင်မှာမဟုတ်ဘူး၊ Core 2 Duo ကို လာမယ့် ဇူလိုင်လ နဲ့ Core Time 2 က ဒီဇင်ဘာလ ကြမှ Limited Quantity နဲ့ ဝယ်လို့ရမယ်။
ဒီလို Limited ဖြစ်တော့ ဘာထူးခြားလဲဆိုရင် Pebble ထုံးစံအတိုင်း Unique ဖြစ်မယ်၊ Core 2 Duo ဆိုရင် Polycarbonate Frame ကိုမှ 1.26" Always-on e-paper Display သုံးထားမယ်၊ အဓိပ္ပါယ်က ပါဝါစားသက်သာပြီးတော့ Display က Black & White ပဲ ပြပေးနိုင်မယ်။ Pebble App တွေ Watch Face ပေါင်း ၁ သောင်းကျော်သုံးနိုင်မယ်။ ​Microphone တွေ၊​ Speaker တွေပါမယ်၊ Health Feature အနေနဲ့ဆိုရင် Heart Rate တောင်မပါပဲ Step နဲ့ Sleep Tracking ပဲ သုံးလို့ရမယ်။​ Battery Life ကတော့ တစ်ခါအားသွင်းထားရင် ရက် ၃၀ အထိ အသုံးခံမယ်။
Core Time 2 ကတော့ အများကြီးပိုကောင်းလာတယ်။
Display ပိုင်းမှာ 1.5" 64-Color e-paper Display ဖြစ်သွားမယ်၊ အရောင်တွေပါလာပြီ၊ Metal Frame ဖြစ်သွားပြီး Flat Glass Lens ဖြစ်မယ်။ ဒီကောင်ကမှ တကယ့် Smartwatch နဲ့ပိုတူသွားပြီး Heart Rate Monitor တွေ၊ Touch Screen တွေဖြစ်လာတယ်။ Battery Life ကလည်း ရက် ၃၀ အထိ အသုံးခံမယ်။
ဒီ Core Watch ၂ ခုစလုံး IPX8 Water Resistant ဖြစ်မယ်၊ Android ရော၊ iOS နဲ့ပါ ချိတ်သုံးနိုင်မယ်။
ဆိုတော့ ဒီစျေး - $149 နဲ့ $225 မှာ ဒီ Core Smartwatch တွေက ဘယ်လိုမှ ပုံမှန် Smartwatch တွေနဲ့ယှဥ်ရင် ဝယ်ချင်စရာမကောင်းနေဘူး။ ဒါပေမယ့် Pebble Smartwatch တွေကို ကြိုက်တယ်၊ Minimalist ဖြစ်ပြီး Unique ဖြစ်နေတာကို သဘောကျရင်တော့ တော်တော်လေးမိုက်တယ်။
Core 2 Duo လည်းကြိုက်ပေမယ့် Core Time 2 ကိုမှ အဖြူရောင်ဆို တော်တော်လှတာ

image