ဤစာအုပ်ကို ဖတ်ပြီးလျှင် ရရှိနိုင်မည့်
အကျိုးကျေးဇူးများမှာ
၁။ အပြောင်းအလဲဖြစ်စဉ်တစ်ရပ်၏ သဘာဝအကြောင်း စိတ်ကူးခံစားနိုင်လာခြင်း။
၂။ ဘဝအတွက်ရည်မှန်းချက်များ ချမှတ်နိုင်လာခြင်း
၃။ ဘဝ၏ရေရှည်ရည်မှန်းချက်အတွက် နေ့စဉ်လုပ်ဆောင်မှုများ မည်သို့ချမှတ်ရမည်ကို နားလည်လာခြင်း။
၄။ ကျန်းမာရေးနှင့် သင့်တော်သော အစားအစာများရွေးချယ်တတ်လာပြီး ကျန်းမာအောင်မည်သို့စားသောက်နေထိုင်ရမည်ကို သိရှိလာခြင်း။
၅။ ကျန်းမာကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ယူရမည်ကိုသိရှိလာခြင်း။
၆။ အရက်၊ ဆေးလိပ်နှင့်မူးယစ်ဆေးဝါးတို့၏အန္တရာယ်ကိုသိမြင်လာခြင်း။
၇။ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရာတွင်အရေးကြီးလိုအပ်သည့် Communication skill အကြောင်း နားလည်လာခြင်း။
၈။ တာရှည်ခိုင်မြဲသည့် အိမ်ထောင်ရေးတစ်ခုတည်ဆောက်ရန် အရေးကြီးသော လက္ခဏာများရှိကြောင်း နားလည်လာခြင်း။
၉။ ကျောင်းစာတော်ရန် လေ့လာကျက်မှတ်နည်းများကို သိမြင်လာခြင်း။
၁၀။ အလုပ်အကိုင်ရွေးချယ်မှုနှင့် အလုပ်တွင်ထိရောက် ကျေနပ်ပျော်ရွှင်မှု၏ သဘောသဘာဝကို သိမြင်လာခြင်း။
၁၁။ စိတ်ဖိစီးမှု၏သဘောသဘာဝ၊ စိတ်ဖိစီးမှုကိုသက်သာအောင်လုပ်နည်း၊ ခံနိုင်ရည်ရှိအောင်လုပ်နည်းများကို သိမြင်လာခြင်း။
၁၂။ အကောင်းမြင်ခြင်း၊ စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ဘဝအဓိပ္ပာယ်စသည့်သဘောတရားများကို ဘဝကိုစီမံခန့်ခွဲရာ၌ စုစည်းပေါင်းစပ်တတ်လာခြင်း။
#ဒေါက်တာမြင့်လွင် (စိတ်ပညာ)
