#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အိန္ဒိယတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၇ ဦး ပြန်လည်လွတ်မြောက်
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အင်ဖာမြို့တွင်လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၇ ဦးမှာ မတ် ၂၁ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်းသိရသည်။
အမျိုးသမီး ၂ဝ နှင့် ကလေးငယ် ခုနစ်ဦး စုစုပေါင်း မြန်မာနိုင်ငံ သား၂၇ ဦးကို မတ် ၂၁ ရက် နံနက်ပိုင်း၌ မဏိပူရပြည်နယ် မိုးရေးမြို့မှတစ်ဆင့် စစ်ကိုင်းတိုင်းတမူးမြို့နယ်ရှိတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသူများသည် ၂ဝ၂၂ ခုနှစ်တွင် မဏိပူရ ပြည်နယ် လန်မ်ကားမြို့၌ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထောင်ချခံရသော ရွှေ့ပြောင်းရက်ကန်း အလုပ်သမားများဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် နာတာရှည်ကျန်းမာရေး ချို့ယွင်းသူများ ပါဝင်နေကြောင်း သိရသည်။
ဖမ်းဆီးထောင်ချခံထားရသည့် မြန်မာစစ်ဘေးဒုက္ခသည်များ ကို အမြန်ဆုံးလွှတ်ပေးရန် အိန္ဒိယအစိုးရထံ အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက်အရပ်ဘက်အဖွဲ့ ၁၉၆ ဖွဲ့ က မတ် ၂ဝ ရက်တွင် အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိ၌မဏိပူရအကျဉ်းထောင်နှင့် အာသံပြည်နယ်အကျဉ်းထောင်ထဲတွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဆက်လက်ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၁၄၇ ဦးခန့်ရှိကြောင်း သိရသည်။
