NOAA NWS Climate Prediction Center (NOAA-National Oceanic and Atmospheric Administration)၏ မတ်လ ၂၄ ရက်နေ့ ရာသီဥတုကြိုတင်ခန့်မှန်းထုတ်ပြန်ချက်အရ -
🔸 အီကွေတာတလျှောက်ရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန်များသည် ပစိဖိတ်အလယ်ပိုင်းတွင် ပုံမှန်အောက်အနည်းငယ်ကျဆင်းနေပြီး၊ ပစိဖိတ်အရှေ့ပိုင်းတွင် ပုံမှန်အထက်မြင့်တက်လျှက်ရှိနေကြောင်း၊
🔸 အယ်လ်နီညိုမဟုတ်/လာနီညာမဟုတ် ကြားနေ(Neutral)အခြေအနေသည် ကမ္ဘာ့မြောက်ခြမ်းတွင် ဧပြီလမှ စတင်၍ ဇွန်-ဇူလိုင်-ဩဂုတ်လများအထိ ဖြစ်ပေါ်နေနိုင်ချေ ၆၂% ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
🔸 လက်ရှိအချိန်မှာ အားပျော့တဲ့ လာနီညာရာသီဥတုဆက်လက်ရှိနေတာကြောင့် ကမ္ဘာမြောက်ခြမ်းနိုင်ငံတွေမှာ အပူချိန်လွန်ကဲစွာမြင့်တက်ခြင်းမရှိဘဲ၊ ရေခိုးရေငွေ့ကြွယ်ဝသည့်တိမ်တိုက်များ အီကွေတာတလျောက်ဖြစ်ပေါ်ကာ ကုန်သည်လေစီးကြောင်းနှင့်အတူ အနောက်ဘက်သို ဆက်လက်ရွေ့လျားနေခြင်းက ပုံမှန်အားဖြင့် အပူပြင်းနိုင်မည့်နွေရာသီကာလ(ဧပြီလနှင့် မေလအတွင်း) မြောက်ကမ္ဘာခြမ်းနိုင်ငံများအတွက် မိုးရွာသွန်းပြီး အပူချိန်များလျော့ကျစေနိုင်သည့် အခြေအနေများကို ဖြစ်ပေါ်နေစေပါတယ်။ ဒီလိုရာသီဥတုအခြေအနေတွေက လာမဲ့ ဧပြီလ ပထမပါတ်အတွင်းမှာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးရွာသွန်းခြင်းစတင်လာမှာဖြစ်ပါတယ်။
🔸 ၂၀၂၅ ခုနှစ်၊ AMJJAS(APR, MAY, JUN, JUL, AUG, SEP) လများအတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းက အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်နဲ့ ကပ္ပလီပင်လယ်များအတွင်း မုန်တိုင်းဖြစ်နိုင်ချေ ၁ ကြိမ်မှ ၃ ကြိမ်အထက်အထိရှိနိုင်ကြောင်း၊ ECMWF Model ရဲ့ ကြိုတင်ခန့်မှန်းချက်မှာလည်း တွေ့နေရပါတယ်။
🔸 မုန်တိုင်းရာသီအတွင်းမှာ မုန်တိုင်းစတင်ဖြစ်လာနိုင်မဲ့နေရာ၊ မုန်တိုင်းရဲ့အား၊ အရွယ်အစား၊ ဖြတ်သန်းတိုက်ခတ်သွားနိုင်မဲ့လမ်းကြောင်း စတဲ့သတင်းအချက်အလက်တွေကို အနည်းဆုံး ၇ ရက် ကြိုတင်သိရှိရမှာဖြစ်တာကြောင့် ထူးခြားတဲ့မိုးလေဝသအခြေသတင်းများကို မပြတ်တမ်းနားစွင့်နေကြဖိုတော့လိုပါတယ်။ မုန်တိုင်းသတင်းရဲ့နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်ဘွယ်ရှိတဲ့ သဘာဝဘေးအခြေအနေကိုလည်း ကြိုတင်ခန့်မှန်းပေးနေမှာဖြစ်ပါတယ်။
(၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်၊ နေ့လည် ၂ နာရီ ၅၀ မိနစ်)
#crd
#topicnews
