ဖက်ထုတ်ကြော်လုပ်နည်းလေးပါ
ဒါလေးကတော့ အိမ်မှာအလွယ်တကူလုပ်စားလို့ရအောင်တင်ပေးလိုက်ပါတယ်နော်
ပါဝင်ပစ္စည်းများ
ဝက်သား
ဆား
သကြား
ဂျင်း
ကြက်သွန်ဖြူ
ဖက်ထုတ်အရွက်
ဂျင်းနဲ့ကြက်သွန်ဖြူကိုညက်နေအောင်ထောင်းပီး ဆားသကြားထည့်ပီးဝက်သားနဲ့နယ်ပါပီးရင် ဖက်ထုတ်အရွက်ထဲ အသားနဲနဲထည့် ဘေးအနားသားလေးကို ရေဆွတ်ပီးကပ်ပါ ပီးရင်ကြော်လို့ရပါပီ
အရသာရှိပီး သန့်ရှင်းလတ်ဆတ်တဲ့ဖက်ထုတ်ကြော်လေးရပါပီနော်
အချဉ်လုပ်နည်း
ကင်းမွန်ငံပြာရည် ၂ဇွန်း
ရေ ၅ဇွန်း
ငရုတ်သီး ကြိုက်သလောက်
သကြား နည်းနည်း
သံပုရာရည် တစ်ခြမ်း
ငရုတ်သီးကို ထောင်း ဒါမှမဟုတ် လှီးပါ ကျန်တဲ့ပါဝင်ပစ္စည်းအကုန်ရောပီးရင် အချဉ်လေးရပါပီ
အရသာကတော့ကိုကြိုက်သလို ပြင်လို့ရပါတယ်နော် အက်မင်ကတော့ကိုယ်လုပ်ထားသလိုလေးရေးပေးထားတာပါနော်
Credit
