4 w - Translate

ကိုယ့်ကို ဘယ်သူက ဘယ်လို ခနဲ့ခနဲ့ ယိမ်းနဲ့မသွားနဲ့ ။ ဒေါသနဲ့လည်း မတုံ့ပြန်နဲ့ ၊ စိတ်လည်း ထိခိုက်မခံပါနဲ့ ။ လောကအလယ်မှာ ကျင်လည်တဲ့အခါ ခနဲ့တဲ့သူ ၊ ရွဲ့တဲ့သူဆိုတာ တစ်ယောက်မဟုတ်တစ်ယောက် ကြုံရတွေ့ရတတ်ပါတယ် ။ တချို့က ခနဲ့တာ ၊ ရွဲ့တာ ဝါသနာကိုပါနေတာ ။
ကိုယ့်အားနည်းချက်ကို သူက ချနင်းလို့ ငါလည်း သူ့အားနည်းချက်ကို ပြန်နင်းချေမယ်လို့ စိတ်မကူးနဲ့ ။ သူ ဘာပြောပြော စိတ်ထဲကနေ မေတ္တာသာ ပို့နေလိုက်ပါ ။ အချိန်တန် သူ့ရိက္ခာနဲ့သူ သွားလိမ့်မယ် ။ အားနည်းချက်က ကိုယ်မှရှိတာ မဟုတ်ဘူး ၊ သူလည်း ရှိပါတယ် ။
တစ်စုံတစ်ယောက်က ကိုယ့်အားနည်းချက်ကို ဆုပ်ကိုင်ကာ ကိုယ့်ကို ခနဲ့လို့ ၊ ရွဲ့လို့ဆိုပြီး ကိုယ်က ပြန်ခနဲ့မယ် ၊ ပြန်ရွဲ့နေမယ်ဆိုရင် ကိုယ့်ရဲ့ရှင်သန်ခြင်းက သိပ်အဓိပ္ပာယ်မရှိပါဘူး ။ လူ့ဘဝက သိပ်တန်ဖိုး ရှိတယ် ။ တန်ဖိုးရှိလှတဲ့ လူ့ဘဝနေရခိုက်မှာ ခနဲ့တဲ့သူ ၊ ရွဲ့တဲ့သူတွေကြောင့်တော့ ကိုယ့်စိတ်ကောင်းတွေ တိမ်းစောင်းမသွားစေနဲ့ ။
ဘယ်သူတွေ ဘာတွေပြောပြော လိုက်မခံစားနဲ့ ။ စိတ်ထဲ တနုံ့နုံ့နဲ့ မကျေမနပ်လည်း ဖြစ်မနေပါနဲ့ ။ မသေခင် ရှင်သန်ခွင့်ရတုန်းလေးမှာ စိတ်ကောင်းများများ မွေးပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ၊ ကိုယ့်ဘဝနဲ့ကိုယ် စိတ်ချမ်းသာအောင်နေပါ
#ပျော်ရွှင်မှုကိုကိုယ်တိုင်ဖန်တီးပါ #မောင်ဘုန်း (သပြု)

image