ခြံအမှတ် ၅၄ နေအိမ်ကို ၂၇ ဘီလျံ ထပ်လျှော့ချ၍ ရောင်းမည်
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမွေဆိုင်အငြင်းပွါးမှုရှိနေသည့် ခြံအမှတ် (၅၄) နေအိမ်လေလံ ကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံမှ ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချ၍ ရောင်းချမည် ဖြစ်သည်။
ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်းကို ယနေ့ (မတ်လ ၂၅ ရက်) ရုံးချိန်းတွင် ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းခြံအိမ်ကို သုံးကြိမ်တိတိလေလံတင်ရောင်းချခဲ့ပြီးသော်လည်း ဝယ်ယူသူမရှိသေးသောကြောင့် ကျပ် ဘီလျံ ၂၇၀ သို့ လျှော့ချ၍ ရောင်းရန် တရားရုံးသို့ ဦးအောင်ဆန်းဦး ဘက်မှ တင်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တင်ပြချက်အပေါ် လက်ရှိတွင် ကမာရွတ်ခရိုင်တရားရုံးက ၎င်း၏ ဈေးအတိုင်း လက်ခံကာ ရောင်းချရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ခြံအမှတ် ၅၄ ဟု ကျော်ကြားသည့်ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့်တစ်ကြိမ်၊ ၃၀၀ ဘီလီယံဖြင့် တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပြီး တတိယအကြိမ်တွင် ၂၉၇ ဘီလျံဖြင့် လေလံတင်ရန် ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချကာ လေလံတင်သော်လည်း
လက်ရှိအချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။
ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁.၉၂၃ ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ ၈၃၇၆၅.၈၈ ပေ ရှိကြောင်းလည်း သိရသည်။
